EXO အဖွဲ့ဝင် Sehun ကတော့ ဖက်ရှင်ရှိုးပွဲတွေကိ တက်ရောက်တိုင်းမှာ ပရိသတ်တွေလုံးဝကြွေသွားစေမယ့် ဖက်ရှင်တွေကို ရွေးချယ်ဝတ်ဆင်တတ်တဲ့ သူတစ်ဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က Louis Vuitton ဖက်ရှင်ရှိုးပွဲ မှာလည်း “Best Dressed Man”အဖြစ် မဲပေးရွေးချယ်ခြင်းခံခဲ့ရပါတယ်။

ဒီနှစ်ရဲ့ Louis Vuitton ဖက်ရှင်ရှိုးမှာတော့ Sehunဟာ သူ့ရဲ့ စမတ်ကျတဲ့ စတိုင်၊ အပြုံးချိုချိုလေးတွေနဲ့ အားလုံးရဲ့ နှလုံးသားကို ဖမ်းစားလိုက်ပြန်ပါပြီ။ Sehunဟာ Louis Vuitton ဖက်ရှင်ရှိုးပွဲမှာ ဟော့အဖြစ်ဆုံး အကြောင်းအရာတစ်ခုလည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့်လည်းဆိုတော့ Sehunဟာ နာမည်ကျော် ဟောလိဝုဒ်စတား Emma Stone ဘေးမှာ တွေ့ရတဲ့ အတွက်ကြောင့်လည်း ဖြစ်ပါတယ်။

Jennifer Connelly နဲ့ Lea Seydouxတို့ကလည်း Sehun၊Emma Stone တို့နဲ့အတူ တစ်တန်းထဲမှာ ထိုင်နေကြတာဖြစ်ပါတယ်။ ဒါ့အပြင် Sehunဟာ ဖက်ရှင်ရှိုးပွဲမှာ VIPsတွေသာ ထိုင်ရတဲ့ ရှေ့ဆုံးတန်းမှာ ထိုင်နေခဲ့တာဖြစ်ပါတယ်။

Sehunရယ်၊ သူ့ရဲ့ အထင်ကရနေရာရယ်၊ Sehun ဘေးမှာ ထိုင်နေတဲ့ နာမည်ကျော် ဟော်လိဝုဒ်အနုပညာရှင်တွေကြောင့် ဖက်ရှင်ရှိုးပွဲကို စိတ်ဝင်စားကြည့်ရှုသူတွေ အရမ်းကို များပြားခဲ့ပါတယ်။ တွစ်တာပေါ်မှာလည်း #SEHUNxLV ဆိုတဲ့ စာသားဟာ trend နံပါတ် ၄ အထိရောက်ခဲ့ပါတယ်။ တွစ်တာမှာလည်း Sehunရဲ့ ဗီဒီယိုတွေ ဓါတ်ပုံတွေဟာ အတော်လေးကို ပျံ့နှံ့နေပါတယ်။ Vogue Japan, Vogue Koreaနဲ့ Vogue Thailand တို့ရဲ့ အင်စတာဂရမ်တွေမှာလည်း ဖေါ်ပြခြင်းခံခဲ့ရပါတယ်။

Sehunကတော့ ဒီနှစ်Louis Vuitton ဖက်ရှင်ရှိုးမှာလည်း “Best Dressed Man” အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

Source: Koreaboo