FIFA World Cupကျင်းပနေတဲ့ ကွင်းထဲမှာ ဖွင့်မယ့် သီချင်းကတော့ EXOအဖွဲ့ရဲ့ “Power” သီချင်းပဲဖြစ်ပါတယ်။

ဇူလိုင်လ ၄ရက်နေ့မှာတော့ World Cup မှာဖွင့်ဖို့အတွက် သီချင်းတစ်ပုဒ်ကို ရွေးချယ်ပေးဖို့ ပရိသတ်တွေကို အခွင့်အရေးပေးခဲ့ပါတယ်။ သူတို့ကတော့ သီချင်းလေးပုဒ်ကို ပေးထားတာဖြစ်ပြီး အဲဒီလေးပုဒ်ထဲက ပရိသတ်တွေပေးတဲ့ vote အများဆုံးရတဲ့သီချင်းကို World Cup မှာ ဖွင့်ပြသွားဖြစ်တယ်ဆိုပြီး ပရိသတ်တွေကို ကြေငြာခဲ့တာဖြစ်ပါတယ်။

အဲဒီသီချင်း ၄ပုဒ်ကတော့ BTSရဲ့ “Fake Love”, EXOရဲ့ “Power”, J Balvinရဲ့ “Mi Gente”နဲ့  Zedd (feat. Marren Morris and Grey)ရဲ့  “The Middle” သီချင်းတွေဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ မဲပေးမှု စတင်ကတည်းက EXO နဲ့ BTS ရဲ့ သီချင်းတွေကတော့ ဒီမဲပေးပွဲမှာ အနိုင်ရသူတွေအဖြစ် ပရိသတ်တွေရဲ့ ထင်ကြေးပေးခြင်းခံခဲ့ရပါတယ်။ ကျန်တဲ့ သီချင်းနှစ်ပုဒ်ကတော့ တစ်ပေးခြင်းခံထားတဲ့ သီချင်းနှစ်ပုဒ်နဲ့ တော်တော်လေးကို မဲအရေအတွက် ကွာဟနေတာပါ။

EXO နဲ့ BTSတို့ရဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ အိုင်ဒေါတွေအတွက်ဆို အမြဲတက်ကြွနေတဲ့ သူတွေဖြစ်လို့ “Fake Love” နဲ့ “Power”တို့ရဲ့ ယှဉ်ပြိုင်မှုကတော့ အတော်လေး ပြင်းထန်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ ပရိသတ်တွေရဲ့ မရပ်မနား၊ ကြိုးကြိုးစားစား မဲပေးမှုတွေကြောင့် EXOရဲ့ “Power”ကတော့ World Cup မှာဖွင့်မယ့် သီချင်းအဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ FIFA World Cupကို လာရောက်ကြည့်ရှုသူတွေနဲ့ အားကစားသမားတွေကတော့ နာမည်ကျော် ကိုရီးယားအဆိုတော်အဖွဲ့ EXOရဲ့ “Power” သီချင်းကို နားထောင်ရတော့မှာပါ။

ဒါကတော့ EXO အဖွဲ့အတွက် နိုင်ငံတကာပွဲတော်တွေမှာ ပါဝင်ရတာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ၂၀၁၈ ခုနှစ်ရဲ့ အိုလံပစ် အပိတ်ပွဲမှာလည်း EXO က ဖျော်ဖြေပေးခဲ့ပါသေးတယ်။

SOurce: Koreaboo