EXO အဖွဲ့အတွက်သာမက SM Entaintertainment မှာ ရှိတဲ့ အခြားသော Idol အဖွဲ့တွေရဲ့ အကဆရာတစ်ယောက်ဖြစ်တဲ့ Kasper ကတော့ အကဆရာတစ်ယောက်ပေမဲ့ ထူးထူးခြားခြား Idol တစ်ယောက်လို ချောမောတဲ့ ရုပ်ရည်၊ Idol တွေနဲ့ ယှဉ်တောင် မရှုံးလောက်တဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

သူဟာ EXO အဖွဲ့ရဲ့ အောင်မြင်ကျော်ကြားတဲ့ အကတွေဖြစ်တဲ့ Call Me Baby, Koko Bop အကတွေရဲ့ နောက်ကွယ်က တီထွင်သူ အကဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။

သူကတော့ သူရဲ့ ပြိုင်ဘက်ကင်းတဲ့ အကစွမ်းရည်ကြောင့်သာမက သူရဲ့ရုပ်ရည်ကြောင့်လည်း ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အကဆရာ တစ်ယောက်ဖြစ်ပါတယ်။ အင်စတာဂရမ်မှာလည်း Follower 1 Million ကျော်ပိုင်ဆိုင်ထားတဲ့ Idol တွေနီးပါး အောင်မြင်ကျော်ကြား နေသူတစ်ယောက်ဖြစ်ပါတယ်။

Source: KOreaboo