EXO-L တွေကတော့  Baekhyun အပေါ်ကို အဲဒီအမျိုးသမီးပြုလုပ်ခဲ့တဲ့ အပြုအမူနဲ့ ပတ်သတ်ပြီးအတော်လေး ဒေါသထွက်နေကြပါတယ်။ လတ်တလောမှာတော့ Baekhyun ဟာ You Hee-yeol’s Sketchbook အစီအစဉ်အတွက် အသံသွင်းဖို့သွားရောက်ခဲ့တာဖြစ်ပါတယ်။ အသံသွင်းပြီး ပြန်ထွက်အလာမှာတော့ ပရိသတ်တွေက သတ်မှတ်နေရာကနေ Baekhyunကို နှုတ်ဆက်ခဲ့ကြပါတယ်။

koreaboo

ဒါပေမဲ့လည်း Baekhyun အသံသွင်းပြီးထွက်လာတဲ့ အဆောက်အဦးရှေ့မှာ အမျိုးသမီးတစ်ယောက်က စောင့်နေခဲ့ပါတယ်။ Baekhyun ထွက်လာတဲ့အချိန်မှာတော့ အဒီအမျိုးသမီးက ရုတ်တရက် Baekhyunလက်ကို လှမ်းဆွဲလိုက်ပြီး ခြောက်လန့်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကိုတော့ အဆောက်အဦးနဲ့ ခပ်ဝေးဝေးမှာစောင့်နေကြတဲ့ EXO-L ပရိသတ်တွေရိုက်ကူထားတဲ့ ဗီဒီယိုထဲမှာ မျက်ဝါးထင်ထင် တွေ့ရမှာပါ။

EXO-L တစ်ယောက်ကတော့ အဲဒီအမျိုးသမီးက Baekhyunထွက်မလာခင်ကတည်းက  အဆောက်အဦးရှေ့မှာ ရှိနေခဲ့တာလို့ပြောခဲ့ပါတယ်။ ဒါ့အပြင် အဲဒီအမျိုးသမီးက Baekhyun အသံသွင်းတဲ့ဆီကို ဝင်ချင်နေတာဖြစ်ပြီး လုံခြုံရေးက ဝင်ခွင့်မပေးတာကြောင့် အခုလိုရှိုးလုပ်ပြနေတာဖြစ်တယ်လို့ပြောခဲ့ပါတယ်။

source:koreaboo