EXO ကတော့ ပြည်တွင်းမှာတင်မဟုတ်ပဲ အာရှတစ်လွှားမှာပါ နာမည်ကြီးတဲ့ ကိုရီးယား အမျိုးသား အဆိုတော် အဖွဲ့ ပါ။ပရိသတ် .. အထူးသဖြင့် အားပေးတဲ့ မိန်းကလေးပရိသတ် အခိုင်အမာ ရရှိထားတဲ့ EXO အဖွဲ့ဝင်တွေကတော့ Fan တစ်ယောက်ရဲ့ ဆန္ဒကို ကူညီဖြည့်ဆည်းပေးခဲ့ပါတယ်။ ဇွန်လ(၂၃)ရက်နေ့တုန်းက EXO အဖွဲ့ဝင် တွေဟာ Michelle Parenteau ဆိုတဲ့ အသက် (၁၇)နှစ်အရွယ် fan တစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ 2018 Lotte Duty Free Family Concert ရဲ့ စင်နောက်မှာ တွေ့ဆုံခဲ့တာပါ။ ဒီပွဲကိုတော့ Seoul Olympic Stadium မှာ ကျင်းပခဲ့တာပါ။ သူမဟာ Idol တွေကို အပြင်မှာ မြင်ချင်တွေ့ချင်လွန်းလို့ အမေရိကန် ကယ်လီဖိုးနီးယားကနေ ကိုရီးယား အထိ လာ ခဲ့ရတာပါ။


Michelle ဟာ အသက်ငယ်ငယ်လေးနဲ့ (၂၀၁၅) တည်းက ကင်ဆာ ရောဂါကို ခုခံ တိုက်ပွဲဝင်နေရသူပါ။မေး မှာ ပုံမှန် မဟုတ်တာကို ခံစားရပြီး ဆေးရုံသွားပြရာကနေ မေးမှာ အဖုလေးဖြစ်နေတာကို တွေ့ခဲ့တာပါ။ အဖုကို ဖယ်ရှားဖို့ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ကင်ဆာဝေဒနာနဲ့ တိုက်ပွဲဝင်နေချိန်တွေ၊ ကုသမှုခံယူနေရတဲ့ ခက်ခဲတဲ့ အချိန်တွေမှာ EXO ရဲ့ သီချင်းတွေက သူမအတွက် ခွန်အားဖြစ်စေခဲ့ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ အရာပါ သူမကို ခွန် အားတွေ ပေးခဲ့တဲ့ EXO အဖွဲ့ဝင်တွေကို ကိုယ်တိုင် ကျေးဇူးတင်ချင်ခဲ့တာပါ။ မတ်လမှာတော့ Michelle ရဲ့ အကြော င်းကို Make-a-Wish Korea ကတစ်ဆင့် SM Entertainment သို့ ပိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ EXO အဖွဲ့ ၀င် တွေနဲ့ ဆုံဆည်းချင်တဲ့ သူမရဲ့ အိမ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တာပါ။

EXO က Michelle နဲ့ ဖော်ျဖြေမှုမတိုင်ခင် အ၀တ်လဲခန်းထဲမှာ တွေ့ဆုံခဲ့ပါတယ်။Michelle က EXO နဲ့ပတ် သက်ပြီး..” EXO ကြောင့်သာ ဒီလိုခက်ခဲတဲ့ ခွဲစိတ်မှုကို ကျော်ဖြတ်နိုင်ခဲ့တာပါ.ဒီလိုမျိုးလူချင်းတွေ့ပြီး ကျေးဇူး တင်ေ ကြာင်းပြောရတဲ့ အတွက် တကယ်ပဲ ပျော်ရွှင်မိပါတယ်..” ဆိုပြီး ပြောခဲ့ပါတယ်။EXO ဟာ (၂၀၁၆) တုန်းကလဲ သွေး ကင်ဆာ ခံစားနေရတဲ့ fan တစ်ယောက်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ Make-A-Wish Foundation ကတော့ သွေးကင်ဆာ၊ဦးနှောက်အကြိတ်ကင်ဆာ၊သွေးဖြူဆဲလ် များနေတဲ့ ရောဂါ..အစရှိတဲ့ ရှားပါးရောဂါခံစားနေရသူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနေတဲ့ အဖွဲ့ပါ။ (၂၀၀၂)ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကလေး အယောက်ပေါင်း (၃၉၀၀) ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးခဲ့ပါတယ်။


Source soompi