“Arthdal Chronicles” ဇာတ်လမ်းတွဲကတော့ လက်တလောမှာ မြန်မာပရိသတ်တွေကြား အရမ်းကို ရေပန်းစား နေပါတယ်။Admin ကိုယ်တိုင် လည်း အရမ်းကို ကြိုက်လို့ အားပေးဖြစ်နေတဲ့ ဇာတ်ကားလေးမို့ မကြည့်ရသေး ရင်ေ တာ့ ကြည့်ကြည့် ပါလို့ တိုက်တွန်းချင်ပါတယ်။မြင်နေကြ ၊ကြည့်နေကျ ကိုရီးယားဇာတ်လမ်းတွဲ တွေနဲ့ လုံးဝ ကို ကွဲ ထွက်နေတဲ့ ဇာတ်ကားလေးပါ။မျိုးနွယ်စုတွေ အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးပါ။“Arthdal Chronicles” ဇာတ်ကားမှာတော့ ဆောင်ဂျွန်ကီနဲ့ အတူ Kim Jiwon၊Jang Dongg un, Kim Okbin, Jo Sungha..တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။“Arthdal Chronicles” ဇာတ်ကားထဲက မျက်နှာဖုံးရှင်လေး တစ်ယောက်လည်း ပါပါသေးတယ်။



မျက်နှာဖုံးရှင်လေး တစ်ယောက် ကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အပြည့်အ၀ ကို ရထားပါတယ်။မျက်နှာ ဖုံး နောက်ကွယ်က သူ့ရဲ့ ပုံစံက ဘယ်လိုလဲ၊သူဘယ်သူလဲ ဆိုတာကို သိချင်နေကြတဲ့ ပရိသတ်တွေ အတွက် သူ့ရဲ့ အကြောင်းနဲ့ မျက်နှာဖုံးနောက်ကွယ်က ပုံစံ အမှန်ကို ပြောပြချင်ပါတယ်။Yang Cha ကတော့ Arth နိုင်ငံ ရဲ့ Dacan အဖွဲ့ကပါ။မျက်နှာဖုံးတပ်ပြီး အပြစ်ပေးခံထားရလို့ စကားပြောခွင့်မရတဲ့ သူလေးပါ။သူ့ရဲ့ ဇာတ်ကောင် မှာတော့ မြှုပ်ကွက်တွေ အများကြီးရှိပါတယ်။တိုက်ရည်ခိုက်ရည်လည်းတော်၊ရုပ်ရည်မှာလည်း မခေတဲ့ သူဆိုတာ ကိုတော့ ပရိသတ်တွေ လည်း သတိထားမိကြမှာပါ။နာမည်အရင်းကတော့ Ki Do – Hoon ပါ။





SM Entertainment က ပါ။(၁၉၉၅)ခုနှစ်မှာ မွေးပြီး အရပ်အမြင့်ကတော့ (186 cm) ရှိပါတယ်။အရင်တုန်းက he King in Love” (2017) နဲ့ “Should We Kiss First” (2018) ဆိုတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ဖူးပါတယ်။ဆိုရှယ်မီဒီယာ သုံးပါတယ်။
ဒါကတော့ သူ့ရဲ့ Instagram အကောင့်ပါ။
View this post on Instagram