မင်းသမီးချော Eugene က kpop girl group S.E.S အဖွဲ့ဝင်ဖြစ်ခဲ့စဉ်တုန်းက အရမ်းကို အလုပ်များခဲ့တဲ့ အချိန်တွေကို ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ SBS television show တစ်ခုဖြစ်တဲ့ ‘Master in the House’ အစီအစဉ်မှာ Eugene က ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။
View this post on Instagram
ဒီအစီအစဉ်မှာ Eugene က သူမရဲ့ instagram ပေါ်က မေးခွန်းတစ်ခုဖြစ်တဲ့ သူမအရင်က တကယ်ပဲ kpop star တစ်ယောက်ဖြစ်ခဲ့လားဆိုတဲ့အဖြေနဲ့ပတ်သက်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။ “လူတွေက ကျွန်မဟာ S.E.S ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာကို မသိဘူးထင်ပါတယ် တစ်ချို့တွေက S.E.S ရဲ့အဖွဲ့ဝင်ဖြစ်ခဲ့တာ တကယ်လား လို့ထင်မိတတ်ကြပါတယ်”လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။
View this post on Instagram
သူမက ဆက်လက်ပြီး “အသက်ငယ်တဲ့သူတွေကတော့ ကျွန်မရဲ့ အတိတ်ကြောင်းကို သိပ်သိကြမယ်မထင်ပါဘူး အဲဒီ့တုန်းက ကျွန်မတို့တွေ တကယ့်ကို အလုပ်တွေများခဲ့ကြတာပါ တစ်နေ့ကို နှစ်နာရီလောက်ပဲ အိပ်ချိန်ရခဲ့ပါတယ် ကျွန်မတို့ ခဏလေးအိပ်ပြီးတာနဲ့ တစ်နေရာပြီး တစ်နေရာ သွားကြရပါတယ်” ဆိုပြီး အရင်ကအကြောင်းလေးကို ဝေမျှလာခဲ့ပါတယ်။
View this post on Instagram
“ကျွန်မတို့ရဲ့ မိတ်ကပ်ဆရာတွေက ကျွန်မတို့အိပ်နေတဲ့အချိန်မှာပဲ မိတ်ကပ်လိမ်းကြရပါတယ် ကျွန်မနိုးလာတဲ့အချိန်တိုင်းမှာ တစ်ခြားမြို့တစ်မြို့ကို ရောက်ရှိနေခဲ့ပါပြီ ကျွန်မတို့ရဲ့ music show အတွက် Yeouido မှာရိုက်ကူးရေးလုပ်တယ် ပြီးရင် Gangnam ကို လှေနဲ့သွားကြတယ် ပြီးရင် helicopter နဲ့ Seoul မြို့ပြင်ကို ထွက်ကြတယ် ကျွန်မတို့မှာ နေ့တိုင်း schedule တွေနဲ့ ပြည့်နေခဲ့ပါတယ်” လို့ ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။
View this post on Instagram
S.E.S အဖွဲ့ဟာ ကိုးရီးယားရဲ့ နာမည်အကြီးဆုံး အဖွဲ့တွေထဲက တစ်ခုဖြစ်ခဲ့ပြီး 1997 ခုနှစ်ကနေ 2002 ခုအထိ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ကြပါတယ်။
Khin