မင်းသမီး Eugene ရဲ့ ဒုတိယမြောက် သမီးလေးကတော့ ‘Boy with Luv’ ထဲက JIMIN ရဲ့ ပို့စ်နဲ့ တစ်ပုံစံတည်းတူအောင် လုပ်ပြသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကို sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

January 18 ရက်နေ့က မင်းသမီးချော Eugene ဟာ သူမရဲ့ instagram ပေါ်မှာ သမီးလေး ‘Ro-rin’ ရဲ့ ဓာတ်ပုံလေးတွေကို ဝေမျှလာခဲ့တာ ဖြစ်ပါတယ်။

 

ဓာတ်ပုံလေးနဲ့အတူ “သမီးလေးရဲ့ အသက်ရှစ်လတုန်းက ဒီဓာတ်ပုံလေးတွေကို ရိုက်ထားခဲ့တာပါ သူမရဲ့ အကြိုက်ဆုံးသီချင်း ‘Boy with Luv’ နဲ့ကနေတာ သူမက JIMIN ရဲ့ပို့စ်နဲ့တူအောင် လုပ်ထားတယ် သူမရဲ့ အကတွေကို ကြည့်လိုက်ကြပါအုံး” ဆိုပြီး ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်နော်။

 

ဓာတ်ပုံလေးတွေထဲမှာတော့ Ro-rin က JIMIN နဲ့ တစ်ပုံစံတည်း တူနေအောင်ကို ပို့စ်ပေးထားတာကို တွေ့ကြရမှာပါ။ ဒီဓာတ်ပုံရဲ့အောက်မှာတော့ ပရိတ်သတ်တွေက ခုလိုမျိုး ကော်မန့်တွေ ရေးသားထားကြပါတယ် “အိုး ချစ်ဖို့ကောင်းလိုက်တာ” “ဒါက ငါ့ကို နှလုံးရောဂါရအောင် လုပ်နေတယ်” “ငါတို့ရဲ့ ကမ္ဘာကနေ ကြိုဆိုပါတယ် Ro-rin လေး” စသဖြင့် ရေးသားထားခဲ့ကြပါတယ်။

Khin