စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်လျက်ရှိတဲ့ D.O, Yoon Ji Sung, XIUMIN, Lee Hong Gi နဲ့ Sung Yeol တို့ပါဝင်ထားတဲ့ musical ပွဲပုံရိပ်တစ်ချို့ကို ပရိတ်သတ်တွေဆီ ဝေမျှပေးလိုက်ပါတယ်။ September 14 ရက်နေ့က military musical ‘ The Promise of the Day’ အတွက် အကြိုပုံရိပ်တစ်ချို့ကို production company ကနေပြီး ပရိတ်သတ်တွေအတွက် ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ sbs က ဖော်ပြထားတာ ဖြစ်ပါတယ်။

 

ဒီဓာတ်ပုံတွေထဲမှာတော့ အဖွဲ့ဝင်တွေက ပွဲအတွက် အလုပ်တွေ ရှုပ်နေကြတာကို တွေ့ရမှာပါ။ စတိတ်စင်မြင့်ပေါ်မှာ သူတို့ရဲ့ ကာရိုက်တာအတွက် မတူညီတဲ့ နေရာအသီးသီးကနေ ပါဝင်ထားကြတာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

#뮤지컬 #귀환 연습사진 공개 생중계 라이브 전 공개하는 연습현장! ⠀ • 생중계 라이브: 9/24~9/26 • 티켓링크: https://url.kr/FGr8RT • Global ticketlink: https://url.kr/lXwC8G #인터파크 #interpark #티켓링크 #ticketlink #윤지성 #도경수 #이정열 #이건명 #현석준 #이찬동 #이지숙 #이지혜 #김세정 #이재진 #백동현 #이홍기 #시우민 #이성열

A post shared by (주)인사이트엔터테인먼트 (@insight_ent) on

‘The Promise of the Day’ ပွဲကို ကိုးရီးယား စစ်ပွဲရဲ့ နှစ် 70 anniversary အတွက် ကျင်းပပြုလုပ်တာပဲ ဖြစ်ပါတယ်။ အဲဒီ့ပွဲမှာ အရင်က စစ်ပွဲပုံစံမျိုးကို အခြေခံပုံဖော်ထားပြီး အထူးစစ်ဆင်ရေးတွေနဲ့ တိုက်ခိုက်မှုတွေကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

 

ဒီပွဲမှာ EXO အဖွဲ့ဝင် D.O နဲ့ Yoon Ji Sung တို့က ‘Hyun-min’ ဆိုတဲ့ ကာရိုက်တာနဲ့အတူ လက်ရှိအချိန်ကာလမှာ ပါဝင်သွားမှာဖြစ်ပြီး EXO အဖွဲ့ဝင် XIUMIN နဲ့ FTISLAND အဖွဲ့ဝင် Lee Hong Gi တို့က ‘Seung-ho’ ကာရိုက်တာအဖြစ် ဟိုးအရင်က စစ်သားတွေအဖြစ် သရုပ်ဆောင်ပါဝင်သွားကြမှာပါ။ INFINITE အဖွဲ့ဝင် Sung Yeol ကတော့ ‘Woo-joo’  ကာရိုက်တာနေရာကနေ လက်ရှိကာလရဲ့ စစ်သားတစ်ယောက်အဖြစ် ပါဝင်သွားမယ်လို့ သိရပါတယ်။

 

‘The Promise of the Day’ ဆိုတဲ့ musical ပွဲကိုတော့ September 24 ကနေ 26 ရက်နေ့အထိ အွန်လိုင်းမှာ live လွှင့်ပြသသွားမယ်လို့ ဆိုပါတယ်။

Khin