အမေရိကန် မော်ဒယ်နဲ့ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ Emily Ratajkowski  ဟာ အက်ဆေးတွေစုထားတဲ့ စာအုပ်တစ်အုပ်ကို ပုံနှိပ်ထုတ်ဝေမယ်လို့ ကြေညာခဲ့တဲ့ကြောင်း harpersbazaar သတင်းစာမျက်နှာအရ သိရပါတယ်။ အဆိုပါမော်ဒယ်ဟာ ဒီသတင်းကိုတော့ သူ့အင်စတာဂရမ်အကောင့်မှာ ကြေညာခဲ့တာဖြစ်ပြီး စာအုပ်နာမည်ဟာ My Body လို့ သိရပါတယ်။ My Body ထဲမှာတော့ အမျိုးသမီးတစ်ယောက်ဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ကိုရေးသားထားတာပါ။

 

View this post on Instagram

 

Fall winter collection @nastygal is live now! #nastygalftemrata #ad

A post shared by Emily Ratajkowski (@emrata) on

ဒီစာအုပ်ကိုတော့ Metropolitan Books ကနေထုတ်ဝေမယ်လို့သိရပါတယ်။ Emily ကတော့ သူမလေးစားတဲ့ စာရေးဆရာတွေဖြစ်တဲ့ Noam Chomsky, Edward Snowden တို့လိုလူတွေရဲ့စာအုပ်တွေကိုပုံနိုပ်ထုတ်ဝေပေးတဲ့ နာမည်ကြီးပုံနှိပ်တိုက်နဲ့ စာအုပ်ထွက်ခွင့်ရတာ ဝမ်းသာကြောင်းဆိုပါတယ်။

Metropolitan Books ကတော့ စာအုပ်ထဲကအက်ဆေးတွေဟာ အမျိုးသမီးတစ်ယောက်နဲ့ လူသုံးကုန်အသုံးအဆောင်ရဲ့အဓိပ္ပါယ်ကိုဖော်ပြပြီး အမျိုးသားတွေက အမျိုးသမီးတွေအပေါ် ပြုမူဆက်ဆံပုံ၊ အမျိုးသမီးတွေက ဘာကြောင့် ဒါကိုလက်ခံရလဲဆိုတော တင်ပြသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

အယ်ဒီတာ Sara Bershtel ကတော့ Emily ဟာ သူမစာအုပ်နဲ့ပတ်သက်လို့ ရိုးသားခဲ့တဲ့အကြောင်းဆိုပါတယ်။ “Emily ဟာ သူ့ကိုယ်သူ အရိုးသားဆုံး၊ သူ့ကွဲပြားခြားနားမှုကို အသိမ်မွေ့ဆုံးနဲ့ အကြံ့ခိုင်ဆုံးဖြစ်အောင် ဖော်ပြသွားတယ်။ သူ့ကိုယ်သူ စာရေးဆရာတစ်ယောက်လို့မြင်တာ မထူးဆန်းပါဘူး။ သူ ပွင့်ပွင့်လင်းလင်း ပြောတတ်တာကိုလည်း ကျွန်မသဘောကျတယ်။ မကြောက်တတ်ဘူး။”

Emily အတွက်တော့ ဒါဟာ ပထမဆုံးအကြိမ်ပုံနှိပ်ထုတ်ဝေတဲ့စာအုပ်မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လတုန်းကလည်း သူမဟာ New York Magazine အတွက် မော်ဒယ်အနေနဲ့ သူမဘဝဖြတ်သန်းခဲ့ပုံကို “Buying Myself Back” အမည်ရတဲ့ ကိုယ်ပိုင်အက်ဆေးရေးခဲ့ပါသေးတယ်။

CeleNow