ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ သူတစ်ယောက်ဖြစ်တဲ့ အိစိကွေးကတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခုအချိန်ထိ အခိုင်အမာရရှိထားတဲ့ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။

အိစိကွေးကတော့ ဒီကနေ့မှာ ထိန်ပင်မှာရှိတဲ့ မီးလောင်နေတဲ့ အမှိုက်ပုံကြီးဆီကို သွားရောက်ခဲ့ပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် တစ်တပ်တစ်အား ပါဝင်ကူညီခဲ့ပါသေးတယ်။ အိစိကွေးကတော့ အားကြိုးမာန်တက်နဲ့ လူငယ်ပီပီ ပါဝင်ကူညီခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ အသက်အရွယ်ငယ်ပေမဲ့လည်း ရိုင်းပင်းကူညီစိတ်အပြည်နဲ့ လူငယ်ပီပီပါဝင်တတ်တဲ့ အိစိကွေးကို အရမ်းပဲ သဘောကျနေကြပါတယ်။

Source: Ei Si Kway