ကလေးသရုပ်ေ်ဆာင်ဘဝကတည်းက အနုပညာလောကမှာ နေရာတစ်နေရာရရှိထားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ဖြစ်တဲ့ အိစိကွေးကတော့  ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေရရှိနေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူကတော့ အလှူအတန်းတွေ ပြုလုပ်ရတာကို အရမ်းကို စိတ်အားထက်သန်တဲ့ လူငယ်လေးတစ်ယောက်လည်း ဖြစ်ပါတယ်။

လတ်တလောမှာ နာမည်ကြီးခဲ့တဲ့ လှိုင်သာယာမှာရှိတဲ့ အမှိုက်ပုံကြီး မီးလောင်တဲ့ အချိန်ကလည်း အိစိကွေးဟာ မီးငြှိမ်းသတ်နေတဲ့ မီးသတ်သမားတွေအတွက် ကိုယ်တိုင်သွားရောက်ကူညီပေးပြီး လှူဒါန်းခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကလည်း ရန်ကုန်ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ မင်းသားကြီး ဦးဝင်းနိုင်အတွက် ဆေးဖိုးလှူဒါန်းပေးခဲ့ပြီး ဦးဝင်းနိုင်နဲ့အတူ ဓါတ်ပုံကို ဖေစ်ဘုတ်ပေးမှာ တင်ခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းကြောင့် နေမကောင်းဖြစ်နေတဲ့ သူနဲ့အတူ ဓါတ်ပုံတွဲရိုက်ပြီး လူသိခံချင်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို ရရှိခဲ့တာဖြစ်ပါတယ်။ အိစိကွေးကတော့ ဒီဝေဖန်မှုတွေနဲ့ ပတ်သတ်ပြီး အခုလိုပဲ ရေးသားခဲ့ပါတယ်။

“သိပ်လူသိခံချင်တယ်မထင်နဲ့ဗျာအလှူခံဖြတ်ပိုင်းမှာတောင် ကိုယ်နာမည်မပါပဲ လှူတာတွေနာမည်ပါသင့်ရင် နာမည်အရင်းပဲသုံးတာအဲ့တော့ သူများအလှူကို အပြစ်မပြောနဲ့ဗျာ”လို့လည်း ရေးသားခဲ့ပါတယ်။

Source: Ei Si Kway