ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေရရှိထားတဲ့ သူတစ်ယောက်ဖြစ်တဲ့ အိစိကွေးကတော့ လူပျိုကြီးဖားဖားဖြစ်လို့ လူကြီးခန်းတွေမှာတောင်ပါဝင်ပြီး သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ ငယ်စဉ်အရွယ်ကတည်းက သရုပ်ဆောင်အလုပ်ကို တစိုက်မတ်မတ်လုပ်ခဲ့တဲ့ အိစိကွေးကတော့ သူရဲ့ ငယ်ဘဝအမှတ်တရတွေကို ပရိသတ်တွေအတွက် ဖေ့စ်ဘုတ်ပေါ်မှာ မျှဝေပေးထားပါတယ်။

ဖြူစင်တဲ့ ကလေးဘဝက ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေကတော့ အိစိကွေးကို အချစ်ပိုနေကြရပါပြီ။ ဒါ့အပြင် အိစိကွေးရဲ့ မိန်းကလေးပုံစံလေးနဲ့ ဓါတ်ပုံတွေကြောင့်လည်း ပရိသတ်တွေကတော့ ရယ်မောပျော်ရွှင်ခဲ့ရပြန်ပါတယ်။

အိစိကွေးရဲ့ ကလေးဘဝ အမှတ်တရပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Ei Si Kway