ကလေးသရုပ်ဆောင်ဘဝကတည်းက ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်တတ်မှုတွေကြောင့်  ပရိသတ်တွေရဲ့ အချစ်တွေရရှိနေတဲ့ မင်းသားချော အိစိကွေးကတော့ သူရဲ့ နှာခေါင်းကို ပြုပြုင်မှု လုပ်ခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းကို ဆယ်လီဆဲဗင်းရဲ့ အင်တာဗျူးမှာ ပြောပြခဲ့ပါတယ်။

“နှာခေါင်း အရမ်းကြီးတယ်ဆိုပြီးတော့ ဆေးထိုးတာတို့ဘာတို့ ရှိတယ်ပေါ့။ အခုတော့ ဘာမှ မလုပ်ဖြစ်တော့ဘူးပေါ့” လို့ပြောပြခဲ့တာဖြစ်ပါတယ်။ အလုပ်တွေများတဲ့ အခါလည်း ပင်ပန်းလို့ မျက်နာက ချောင်ကျသွားပြီး သွယ်သွားလေ့ရှိတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

မင်းသားအိစိကွေးကတော့ မိတ်ကပ်ပြင်ရတာလည်း မကြိုက်ဖူးလို့ဆိုပါတယ်။ လတ်တလောမှာတော့ မင်းသား အိစိကွေးဟာ ဒါရိုက်တာဦးကျော်သူ ရိုက်ကူးနေတဲ့  ပုဂံမြို့သူ ဇာတ်လမ်းတွဲမှာ နာမည်ကျော် အနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။

Source: Cele Seven, Ei Si Kway