ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်တွေ သဘောကျ နှစ်ခြိုက်ခဲ့ရတဲ့ကောင်လေး အိစိကွေးကတော့ အခုဆို တကယ့်ကို လူပျိုကြီးဖားဖားအရွယ်ကိုတောင် ရောက်နေပါပြီ။ မိန်းကလေးပရိသတ်တွေ အများကြီးရှိတဲ့ မင်းသားတစ်ယောက်လည်း ဖြစ်နေပါပြီ။

လူကြီးပိုင်းနေရာတွေမှာပါ သရုပ်ဆောင်နေရပြီဖြစ်တဲ့ မင်းသားပေါက်စလေး အိစိကွေးကတော့ သူရဲ့မွေးနေ့ပွဲအတွက် ညောင်ဦးမြို့မှာရှိတဲ့ ဘိုဘွားရိပ်သာတစ်ခုမှာ သွားရောက် အလှူလုပ်ခဲ့ပါတယ်။ အိစိကွေးဟာ သူရဲ့ မွေးနေ့အတွက် ဆွမ်းကပ်ပြီး ဘိုးဘွားတွေအတွက် တစ်နေ့တာအာဟာရကို လှူဒါန်းခဲ့ပါတယ်။

လတ်တလောမှာတော့ အိစိကွေးဟာ “ပုဂံမြို့သူ” ဇာတ်ကားထဲမှလဲ ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။ ပရိသတ်တွေကတော့ အိစိကွေး ပါဝင်သရုပ်ဆောင်ထားတဲ့ ပုဂံမြို့သူဇာတ်လမ်းတွဲကို အားပေးဖို့ စောင့်မျှော်နေကြပါတယ်။

Source: Ei Si Kway