ကလေး သရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အိစိကွေးကတော့ မကြာခင်မှာ ခေါင်းဆောင်မင်းသားအဖြစ် သူ့ကို မြင်တွေ့ရတော့မှာ ဖြစ်ကြောင်း ပရိသတ်တွေကို ပြောပြထားပါတယ်။

အိစိကွေးကတော့ မင်းသားတစ်ယောက်ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ အသားမကျသေးလို့ အဓိက ဇာတ်ကောင်လို့ ပြောရတာ အဆင်ပြေပါတယ်လို့လည်း ပြောပြထားပါတယ်။ ရလာတဲ့ ဇာတ်ရုပ်ကို ကြိုးစားသရုပ်ဆောင်နေတဲ့ အိစိကွေးကတော့ “လူကြီးလို သရုပ်ဆောင်ရတာ ချစ်ကြိုက်ခန်းတွေပါတော့ ပိုခက်တယ် အကောင်းဆုံးတော့ကြိုးစားမှာပါ လိုအပ်ချက်တွေရှိနေရင်တောင်ပေါ့” လို့လည်း ရေးထားပါတယ်။

အိစိကွေးကတော့ လတ်တလောမှာ “ရွှေချွေးမ” ဆိုတဲ့ ဇာတ်ကားကို အက်ရှင် ဇာတ်ကားတွေ ရိုက်ကူးနေတဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ယဉ်လတ်နဲ့အတူ အဓိက ဇာတ်ဆောင်နေရာကနေ ရိုက်ကူးနေတာဖြစ်ပါတယ်။ အိစိကွေးရဲ့ ပရိသတ်တွေလည်း အိစိကွေးကို လူကြီးဇာတ်ရုပ်နေရာကနေ  မြင်ရတော့မှာဖြစ်ပါတယ်။ ပရိသတ်တွေလည်း အိစိကွေးရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ကြပါဦးနော်။

Source: Ei Si Kway