အိချောပိုကတော့ ၀ိတ်ကျသွားပြီးနောက်ပိုင်း သိသိသာသာကို ပိုလှလာတာ တွေ့ရပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ စူစူ လို့ ခေါ်တဲ့ အိချောပိုကတော့ သူမရဲ့ fb မှာ ဇွန်လ(၁၉)ရက်နေ့က ပုံအလန်းလေးတွေ တင်ထားပါတယ်။ ပေါ့ပေါ့ပါးပါး  ထသွားထလာ ဖက်ရှင်ပုံလေးတွေပါ။ အနက်ရောင် Body fit အကျီင်္လေး၊ အဖြူရောင်ဘောင်းဘီတိုလေးနဲ့ ပန်းရောင်အိတ်ကလေးကို လွယ်ထားတဲ့ ပုံလေးတွေပါ။

အိချောပိုကတော့ ရုပ်ရှင်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေပါတယ်။ မကြာခင်မှာလည်း ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးမယ့် “အချစ်နှစ်”  ဆိုတဲ့ ဇာတ်ကားမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။ သူမပါဝင်ထားတဲ့ “ပင်လယ်ကြီး ကဘာပြောလဲ..” ဆိုတဲ့ ဇာတ်ကားလည်း မကြာခင်မှာ ရုံတင်ပြသသွားဖို့ ရှိပါတယ်။

 

အိချောပိုရဲ့ ပေါင်တိုဘောင်းဘီဖက်ရှင် ပုံအလန်းလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

from အိချောပို