ပြည်သူချစ်သရုပ်ဆောင် မင်းသမီးချော အိချောပိုဟာ  ဗီဒီယိုကား၊ ရုပ်ရှင်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရသူတစ်ဦးပါ။ အခုလတ်တလောမှာလည်း မြန်မာ့တပ်မတော် ဂုဏ်ပြုဇာတ်ကားတစ်ကားဖြစ်တဲ့ “စစ်ကိုမုန်း၍တိုက်ခဲ့သည်” ရုပ်ရှင်ကားမှာ အခြားသော ၀ါရင့်သရုပ်ဆောင်များနဲ့အတူ ပါဝင်သရုပ်ဆောင်လျက်ရှိပါတယ်။ ဘယ်ဇာတ်ရုပ်ကိုမဆို ပီပီပြင်ပြင် သရုပ်ဆောင်တတ်တဲ့ မင်းသမီး အိချောပိုဟာ ဒီဇာတ်ကားထဲမှာလည်း  ကြိုးကြိုးစားစားနဲ့ သရုပ်ဆောင်နေတာ တကယ့်ကို စစ်သမီးတစ်ယောက်လိုပါပဲ။

အိချောပိုဟာ ဒီဇာတ်ကားထဲမှာ နန်းထွေးခင် ဆိုတဲ့ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်နေတာဖြစ်ပါတယ်။

Source: Ei Chaw Po