ပရိသတ်တွေတိုင်းချစ်ကြတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ အိချောပိုကတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အသိအမှတ်ပြုမှုနဲ့ အားပေးမှုတွေကို အတိုင်းအတာတစ်ခုအထိရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ပရိသတ်တွေအတွက် သူမရဲ့ အလှဓါတ်ပုံလေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးတတ်တဲ့ သူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

အိချောပိုကတော့ မကြာခင်မှာ ကျရောက်လာတော့မယ့် သင်္ကြန်ပွဲတော်ကို ဆင်နွှဲဖို့အတွက် စောင့်မျှော်နေပါပြီ။ ဒီကနေ့မှာလည်း သူမဖေ့စ်ဘုတ်ပေါ်မှာ ပိတောက်ပန်းလေးတွေနဲ့ ရိုက်ထားတဲ့ အလှဓါတ်ပုံလေးတွေကို တင်ထားပြီး “ပြည့်စုံတဲ့သင်္ကြန်မနက်ခင်းလေးကို စောင့်မျှော်ရင်း..”ဆိုတဲ့ စာသားလေးရေးပြီး သင်္ကြန်ပွဲကို စောင့်မျှော်နေတဲ့ အကြောင်းကို တင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် အိချောပိုရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Ei Chaw Po