အိချောပို ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ပါ။ရုပ်ရှင်ဇာတ်ကားတွေ မနားတမ်းရိုက် ကူး နေရတဲ့ သူမကတော့ နောက်ထပ် ရုပ်ရှင်ဇာတ်ကားတစ်ကားထပ်ပြီး ရိုက်တော့မှာပါ။သူမ ရိုက်ကူးမယ့် ဇာတ်ကား ရဲ့ နာမည်ကတော့ “ခေါ်သံ” ပါ။ခေါ်သံ ရုပ်ရှင်ဇာတ်ကားရဲ့ ကန်တော့ပွဲနဲ့ စာနယ်ဇင်းမိတ်ဆက် ပွဲ အခမ်း အနား ပုံ ရိပ် တွေကို ဇူလိုင် (၉)ရက်နေ့က သူမရဲ့ အကောင့်မှာ ဝေမျှထားပါတယ်။



မြန်မာဆန်ဆန်ဝတ်စုံလေးကို ၀တ်ဆင်ပြီး တက်ရောက်လာခဲ့တာပါ။သူမရဲ့ အသားအရေ နဲ့ တော်တော်လေး ကို လိုက် ဖက်လှပနေပါတယ်။အိချောပိုရဲ့ မိတ်ကပ်ကိုတော့ ဖူးဖူးက ပြင်ဆင် ပေးထားတာပါ။ဝတ်စုံကတော့ စုနန္ဒာလှိုင်ပါ။ ဓါတ်ပုံတွေကို တော့ အလင်းရောင်က ရိုက်ပေးထားတာပါ။



” ခေါ်သံ ” ရုပ်ရှင်ကားကန်တော့ပွဲနဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲ…🙏🙏🙏
👚 Su Nandar Hlaing
💄 Phoo Phoo
📸 A Linn Young
#eichawpo



ခေါ်သံ ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ မေဘရဏီနဲ့ စိုးမိုးမင်းက ရိုက်ကူးမှာပါ။ဇာတ်ကားမှာတော့ မင်းသား တွေ အဖြစ် ပါဝင်သွားကြမယ့် သူတွေကတော့ ထွန်းထွန်း၊ကျော်ကျော်ဗို၊ရဲတိုက်၊ရဲရင့်အောင်၊အောင်မြင့်မြတ် တို့ပါ။ မင်းသမီး တွေ ကတော့ အိချောပို အပါအ၀င် မေမြင့်မိုရ်၊ရွှေအိမ်စည်တို့ ပါဝင် သွားကြမှာပါ။တခြားသရုပ်ဆောင် တွေ အနေနဲ့ ကတော့ ခင်လှိုင်၊ဂျိုကာ၊ဆင်မ..အစရှိတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်သွားကြမှာပါ။


Source အိချောပို