ရုပ်ရှင်ဇာတ်ကားတွေကို မနားတမ်းရိုက်ကူးနေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးလေး အိချောပိုကတော့ ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်တတ်တဲ့ သူတစ်ယောက်ဖြစ်တဲ့အပြင် ဟန်ဆောင်ကင်းပြီး ချစ်စရာကောင်းလို့ ပရိသတ်တွေ အချစ်ပိုရတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေကို ပြန်လည်မျှဝေပေးတတ်တဲ့ အိချောပိုကတော့ ဒီကနေ့မှာလည်း ရိုက်ကွင်းပေါ်က သူမရဲ့ ပုံရိပ်လေးတွေကို မျှဝေထားပါသေးတယ်။ ကလေးလေး တစ်ယောက်လို ဟန်ဆောင်မှုကင်းပြီး သကြားလုံးစားနေတဲ့ အိချောပိုရဲ့ ရိုက်ကွင်းပေါ်က ပုံလေးတွေကတော့ တကယ်ကို အသည်းယားစရာကောင်းလွန်းနေပါတယ်။

အိချောပိုက လတ်တလောမှာ “သုံးဖက်ချွန်” ဇာတ်ကားကြီးကို ပြင်ဦးလွင်မြို့မှာ အကယ်ဒမီမင်းသား ပြေတီဦးနဲ့အတူ ရိုက်ကူးနေတာဖြစ်ပါတယ်။ အိချောပိုရဲ့ အနုပညာလှုပ်ရှားမှုတွေကို အားပေးလိုက်ကြပါဦးနော်။

Source: Ei Chaw Po