ပရိသတ်တွေရဲ့ အချစ်ကို အပြည့်အဝရရှိထားတဲ့ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ အိချောပိုကတော့ ရုပ်ရှင်ဇာတ်ကားတွေကို မနားတမ်းရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး သူပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ရုပ်ရှင်ပရိသတ်တွေရဲ့ အားပေးမှုတွေကို အမြဲလိုလို ရလေ့ရှိပါတယ်။

အိချောပိုကတော့ သူရဲ့ ရုပ်ရှင်ရိုက်ကွင်းက ဓါတ်ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ဒီကနေ့မှာလည်း “ချစ်နိုးနိုး”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရဲ့ ရိုက်ကွင်းက ဓါတ်ပုံလေးတွေကို သူရဲ့ ဖေစ်ဘုတ်ပေါ်မှာတင်ပေးထားတာဖြစ်ပြီး ပရိသတ်တွေကတော့ အရမ်းကို သဘောကျနေကြပါတယ်။

နံ့သာရောင် သတို့သမီးဝတ်စုံလေးကို ဝတ်ထားတဲ့ အိချောပိုကတော့ ပုံပြင်ထဲက မင်းသမီးလေး တစ်ပါးလိုပဲ အရမ်းကို လှလွန်းနေပါတယ်။ မင်းသမီးတစ်ပါးလို့ လှနေတဲ့ အိချောပိုရဲ့ ဓါတ်ပုံလေးတွေကို cele now ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Source: Ei Chaw Po