ပရိသတ်တွေ ချစ်တဲ့ မင်းသမီး အိချောပိုကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးများစွာကိုလည်း ရိုက်ကူးလျက်ရှိပြီး ဗီဒီယိုဇာတ်ကားတွေကိုလည်း မနားတမ်း ရိုက်ကူးနေရတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။

မင်းသမီးချော အိချောပိုကတော့ ဘားအံမြို့ကို ရောက်ရှိနေစဉ် သူမရဲ့ မအားမလပ်တဲ့ အလုပ်ချိန်တွေကြားထဲမှာ အချိန်ရသလောက် လုပြီး အလှူအတန်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အိချောပိုဟာ ရှုတင်သွားရင်းနဲ့ ဘားအံမြို့အဝင်မှာ လမ်းခင်းနေကြတဲ့သူတွေကို အဝတ်အထည်တွေ လှူဒါန်းခဲ့ပါတယ်။

လတ်လောမှာတော့ အိချောပိုဟာ “ဟောက်စား”ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ရိုက်ကူးလျက်ရှိပြီး နယ်မြို့တွေမှာ သွားရောက်ရိုက်ကူးလျက်ရှိတယ်လို့လည်း သိရပါတယ်။ အခု သူမရဲ့ လက်တွေ့ကျတဲ့ လှူဒါန်းမှုတွေကြောင့် သူမကိုချစ်တဲ့ ပရိသတ်ကြီးက အလွန်သဘောကျနေပြီး၊ မွန်မြတ်တဲ့အလှူတစ်ခုလို့ ဆိုနေကြပါတယ်။

Source: Ei Chaw Po