ပရိသတ်တွေတိုင်းချစ်ကြတဲ့ မင်းသမီးလေးတစ်ဦးဖြစ်တဲ့ အိချောပိုကတော့ သူမရဲ့ ချစ်ပရိသတ်တွေအတွက် ရုပ်ရှင်ကားအသစ်တစ်ခုကို ရိုက်ကူးလို့နေပါတယ်။ ဒီဇာတ်ကားမှာတော့ အိချောပိုကို အရင်ကနဲ့မတူ လုံးဝကွဲပြားတဲ့ ပုံစံအသစ်နဲ့မြင်တွေ့ရမှာဖြစ်ပါတယ်။

ဇာတ်ကားရဲ့ နာမည်ကတော့ “အကိတ်”လို့အမည်ရပြီး နာမည်ကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုလ်တို့နဲ့အတူ ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့ အိချောပိုကတော့ သူမရဲ့ ရိုက်ကွင်းနောက်ကွယ်က ဓါတ်ပုံလေးတွေကိုသူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။

အိချောပိုကတော့ သရုပ်သဏ္ဍာန်ပီပြင်ဖို့အတွက် တော်တော်လေးကို ကြိုးစားထားတာ တွေ့ရမှာပါ။ မိတ်ကပ်အပြင်အဆင်တွေကလည်း အိချောပိုဆိုတာကို မေ့သွားလောက်အောင်ပါပဲ။ ပရိသတ်တွေအတွက် အကောင်းဆုံးတွေချပြဖို့ အမြဲကြိုးစားနေတဲ့ အိချောပိုရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Ei Chaw Po