ပရိသတ်တွေရဲ့ အားပေးမှုတွေအပြည့်အဝရရှိထားတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ အိချောပိုနဲ့ ထူးအောင်တို့ကတော့ အတွဲညီညီနဲ့ ရိုက်ထားတဲ့ ဓါတ်ပုံတွေရိုက်ပြီး ပရိသတ်တွေအတွက် အိချောပိုက သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ထားပါတယ်။

အိချောပိုနဲ့ ထူးအောင်တို့ကတော့ Mytel အတွက် အတူတူကြော်ငြာရိုက်ကူးပေးရင်းနဲ့ ဓါတ်ပုံတွေကို ပျော်ပျော်ရွှင်ရွှင် ရိုက်ထားကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဓါတ်ပုံလေးတွေကတော့ ကြည့်တဲ့သူတွေကိုတောင် အပြုံးတွေ ကူးစက်လောက်အောင် အရမ်းကို ချစ်စရာကောင်းလွန်းပါတယ်။ အိချောပိုနဲ့ ထူးအောင်တို့ရဲ့ ပရိသတ်တွေအတွက် သူတို့နှစ်ဦးရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Ei Chaw Po