မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ Beauty Blogger တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ လတ်တလောမှာ ဝေဖန်မှုတွေကို ခံနေရတဲ့ သူတစ်ဦးပါ။ ပြီးခဲ့တဲ့လကလည်း ကမ်းခြေမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကြောင့် ခပ်ဟော့ဟော့ တွေဝတ်လာတယ်ဆိုပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရတဲ့သူတစ်ဦးပါ။

ဒီကနေ့မှာလည်း နေခြည်ဦးဟာ သူမရဲ့ ပရိုဖိုင်ဓါတ်ပုံကို ကမ်းခြေမှာရိုက်ခဲ့တဲ့ဓါတ်ပုံနဲ့ ပြောင်းခဲ့ပြီးနောက် ထုံးစံအတိုင်းပဲ ဝေဖန်သူတွေကတော့ ပိုစ်အောက်မှာ တန်းစီလို့ပါပဲ။ ဒါတွေကို တွေ့သွားခဲ့တဲ့ အဆိုတော်မလေး အိမ့်ချစ်ကတော့ ဒီလို မကောင်းတဲ့ မှတ်ချက်တွေလိုက်ပေးနေတဲ့ သူတွေကို ကြည့်မနေနိုင်တော့လို့ အခုလိုပဲ ပြန်ပြီး တုန့်ပြန်လိုက်ပါတယ်။

“နေခြည်ဦးက ဟိုးအရင်ထဲက သူ့စိတ်ကြိုက် ဟော့ရှော့လေးတွေဝတ်ခဲ့တာပါ ခုမှမဟုတ်ပါဘူး စပြီး Blogger မလုပ်ခင်တည်းကပါ သူ့ပုံစံလေးက လွတ်လပ်ပြီး ယုံကြည်မှုရှိရှိနဲ့နေခဲ့တာ ဟိုးကတည်းကပါ ခုမှဝတ်တယ်ဆိုပြီး ပြောနေလို့ ပြောပြတာပါရှင့် နေခြည်ဦးက ခုမှဟော့ရှော့တွေ လုပ်ပြတာမဟုတ်ပါဘူး ဒီပုံစံအတိုင်းပဲ နေခဲ့တာကြာပါပြီ ချစ်ကြတုန်းကတော့ အပြစ်မမြင်ကြပဲ ခုမှအရမ်းတွေ မုန်းပြနေကြတာတွေ့ရလို့ ဝင်ပြောပြပေးတာပါ” လို့ရေးပြီး ဝေဖန်နေတဲ့ သူတွေကို တိုက်ရိုက် ပြောလိုက်တာဖြစ်ပါတယ်။

Source: Nay Chi Oo , Eaint Chit