နာမည်ကျော် အဆိုတော်မလေးတစ်ယောက်ဖြစ်တဲ့ အိမ့်ချစ်ကတော့ ဂီတလောကမှာ အောင်မြင်မှုတစ်ခုရရှိထားပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ သူမကတော့ ဒီကနေ့မှာ အကောင့်အတုကြောင့် နေရင်းထိုင်ရင်း စိတ်ညစ်စရာတွေ ကြုံရတဲ့ အကြောင်းကို ဖေစ့်ဘုတ်ပေါ်မှာ ပြောပြထားပါတယ်။

အိမ့်ချစ်ရဲ့ နာမည်နဲ့ သုံးနေတဲ့အပြင် အိမ့်ချစ်ရဲ့ ဓါတ်ပုံကိုလည်း ပရိုဖိုင်အဖြစ်သုံးထားတဲ့ အကောင့်အတုကတော့ မိုးဟေကိုနဲ့ ဝတ်မှုံရွှေရည်ရဲ့ ပုံကိုတင်ပြီး ဘယ်သူပိုလှလဲဆိုတဲ့ စာကို ရေးထားတာဖြစ်ပါတယ်။ အိမ့်ချစ်က သူ့ရဲ့ နာမည်နဲ့ ဖေ့စ်ဘုတ်သုံးနေလို့ စိတ်တိုတာမဟုတ်ပဲ ရန်တိုက်ပေးနေလို့ စိတ်တိုတာဖြစ်တယ်လို့လည်း ရေးထားပါသေးတယ်။

အကောင့်အတုတွေနဲ့ သုံးစွဲနေကြသူတွေ တစ်ချို့ကြောင့် အခုလို ဖြစ်ရပ်တွေကြုံလာတဲ့အခါ အနုပညာရှင်တွေလည်း တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ပရိသတ်တွေလည်း အိမ့်ချစ် အကောင့်အတုအကြောင်းကို တင်သမျှမယုံမိစေဖို့  အခြား မသိသေးတဲ့ ပရိသတ်တွေ သိအောင် မျှဝေပေးလိုက်ကြပါဦးနော်။

Source: Eint Chit