ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ အပြင် ကျရာဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်တတ်တဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့ အူဝဲကတော့ အနမ်းဝိုင်ဇာတ်ကားကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြည့်ရှုခဲ့ပြီး အနမ်းဝိုင်ဇာတ်ကားအကြောင်းနဲ့ ပတ်သတ်ပြီး အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။

အူဝဲကတော့ ရိုမန်စ်ဇာတ်ကားတွေကြိုက်တဲ့ သူတစ်ယောက်ဖြစ်ပြီး ရိုမန်စ် စစ်စစ်ဇာတ်ကားလေးတစ်ကား ဖြစ်တဲ့ အနမ်းဝိုင်ကို အရမ်းကို ကြည့်ချင်လွန်းလို့ ကလေးနှစ်ယောက်အိပ်တဲ့ အချိန် ည ကိုးခွဲပွဲကို သွားကြည့်ခဲ့တာပါတဲ့။

” ကြည့်ရင်း ကြည့်ရင်းနဲ့ သဘောတွေကျနေမိတဲ့ကျွန်မ..ရိုက်ချက်တွေ sceneryတွေရဲ့လှပမှုတွေကလဲ ဆွဲဆောင်မှုရှိလိုက်တာ…..မင်းသားနဲ့မင်းသမီးလေးကလဲ ချစ်စရာကောင်းလိုက်တာပြောမနေပါနဲ့တော့……..”ဆိုပြီး အနမ်းဝိုင်ကားကြည်ဖြစ်ခဲ့တဲ့ အကြောင်းကို သူ့ရဲ့ ဖေစ်ဘုတ်မှာ ပြောပြထားတာဖြစ်ပါတယ်။

“မသောက်ရတာကြာပြီဖြစ်တဲ့ အရသာရှိတဲ့ ဝိုင်တစ်ခွက် ကျွန်မရင်ထဲကို ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးဝင်သွားတယ်ဆိုရင်ပဲ” လို့လည်း သူရဲ့ ဖေစ်ဘုတ်မှာ ရေးထားပါသေးတယ်။ ပရိသတ်တွေကိုလည်း အနမ်းဝိုင်ဇာတ်ကားကြီးကို သွားရောက်ကြည့်ရှုကြဖို့ တိုက်တွန်းထားပါသေးတယ်။

Source: Eaindra Kyaw Zin