မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရပြီး အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေအတွက် အမြဲမပြတ် ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။



အိန္ဒြာကျော်ဇင်ကတော့ ဖခင်များနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူမရဲ့ ခံစားချက်အချို့ကို ဖေစ်ဘုတ်ပေါ်မှာ ရေးသားလာတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်ကတော့ ဖခင်မရှိတဲ့ သူတစ်ယောက်အနေနဲ့ အခုလို ဖခင်များ အမှတ်တရနေ့လေးမှာ ဖခင်ရှိသူတွေကို အားကျနေတဲ့အကြောင်းကို ရေးသားလာတာဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့ ခံစားချက်စားသားတွေကိုတော့ ဖခင်မရှိတဲ့သူတွေက သေချာပေါက်နားလည် ခံစားနိုင်မှာပါ။ အိန္ဒြာကျော်ဇင်နဲ့ ခံစားချက်တိုက်ဆိုင်တဲ့ ပရိသတ်တွေအတွက် ပြန်လည်ပြီးတော့ ဝေမျှပေးလိုက်ပါတယ်။


Source: Eaindra Kyaw Zin