ပရိသတ်တွေချစ်ကြတဲ့ အကယ်ဒမီစုံတွဲဖြစ်တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ကတော့ ဟောင်ကောင်မြို့ကို ဇန်နဝါရီ (၂၉)ရက်နေ့ကတည်းက ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့ အတူရောက်ရှိနေတာ ဖြစ်ပါတယ်။ အတွဲညီတဲ့ အနုပညာရှင် ဇနီးမောင်နှံစုံတွဲဖြစ်တဲ့ အူဝဲနဲ့ ပြေတီဦးတို့ကတော့ သူတို့နှစ်ဦးဟောင်ကောင်မှာ ပျော်ပျော်ပါးပါးနဲ့ လည်ပတ်နေကြတဲ့ ပုံလေးတွေကိုလည်း တင်ထားပါသေးတယ်။

မင်းသမီးချော အူဝဲနဲ့ ပြေတီဦးတို့ကတော့ ဟောင်ကောင်မှာ ကြော်ငြာရိုက်ဖို့ရက်အနည်းငယ်အကြာကတည်းက ရောက်ရှိနေခဲ့ပြီး ကြော်ငြာရိုက်ကွင်းက ဓါတ်ပုံတွေကိုလည်း ပရိသတ်တွေအတွက် တင်ပေးထားပါသေးတယ်။

အူဝဲနဲ့ ပြေတီဦးတို့ကတော့ “ရင်ဘတ်ထဲကဓါး”ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပရိသတ်တွေရဲ့ အကယ်ဒမီ တစ်ကြိုပေးခြင်းကို ခံထားရတဲ့ အနုပညာရှင်နှစ်ဦးလည်း ဖြစ်ပါတယ်။

Source: Eaindra Kz