Ip Man ရဲ့ မင်းသားကြီး Donnie Yen က တော့ ရုပ်ရှင်ကုမ္ပဏီတစ်ခုကို တရားစွဲဆိုပြီး အဲ့ဒီအမှုမှာ အနိုင်ရ သွားခဲ့ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက တရုတ်ရုပ်ရှင် ကုမ္ပဏီ တစ်ခု က အွန်လိုင်းပေါ်က နေ ဟော င်ကောင် အက်ရှင် မင်းသားကြီး Donnie Yen ကို တောင်း ပန် ကြောင်း Post တင်ခဲ့ပါတယ်။ Donnie Yen က တော့ သူ့ရဲ့ ဂုဏ်သိက္ခာထိခိုက်စေမှုနဲ့ တရားစွဲဆို ခဲ့တာ ဖြစ်ပြီး ဒီအမှု မှာ  အနိုင် ရခဲ့ပါတယ်။တရုတ်ရုပ်ရှင် ကုမ္ပဏီ ဘက်က တောင်းပန် စာ Post မှာတော့.” ဒါက မရည်ရွယ်ပဲ ဖြစ်သွားတာပါ။နားလည်မှု လွဲ သွားတာပါ။ဒီလို ဖြစ်သွားရတဲ့ အတွက် Donnie နဲ့ သူ့ပရိသတ်တွေ ကို တောင်းပန် ပါတယ်..” ဆိုပြီး ရေးထားပါတယ်။ဒီအ ကြောင်းကိုတော့ Asia One မှာ ဖော်ပြထားတာပါ။

(၂၀၁၈)က ရုပ်ရှင်ကား Iceman: The Time Traveler က ထွက်ရှိပြီး (၁၀)ရက် အတွင်း တရုတ်မှာ $6.7 သန်း သာရတယ်ဆိုပြီး The Straits Times မှာ ဖော်ပြခဲ့ပါတယ်။West Movie Group က နေ အဲ့ဒီ နော က်မှာတော့ သူတို့ရဲ့ တရားဝင် Weibo အ ကောင့်မှာ ဇာတ်ကား box-office မှာ မအောင်မြင် ရတာဟာ Donnie ရဲ့ Professional မဆန်မှု ကြောင့် ဖြစ်ရတာ ဆိုပြီး ပြစ်တင် စွပ်စွဲ ခဲ့ပါတယ်။ Donnie က ဇာတ်ညွှန်းကို စိတ်ကူးပေါက် သလို ပြောင်းတာ၊အက်ရှင် ဆရာ ရဲ့ ညွှန်ကြားချက်တွေကို စွက်ဖက် ပြင်ဆင်တာ ၊ဇာတ်ကားရဲ့ ပရိုမိုးရှင်း activities တွေ မှာ ပါဝင် ခြင်းမရှိတာ တာ တွေ ကြောင့် ဒီကား မအောင်မြင်ရတာ ဆိုပြီး ရေးသား ဖော်ပြခဲ့ပါတယ်။

သူ့အ ကြောင်းကို စွပ်စွဲရှုတ်ချတာတွေ နဲ့ ပတ်သက်ပြီး Donnie Yen ဘက်က နေ ပြန်လည် ခုခံ ခဲ့ပါ တယ်။သူ့မှာလည်း ကိုယ့်ကိုယ်ကို ကာကွယ် ခွင့် ရှိတယ်ဆိုပြီး West Movie Group ရဲ့ စွပ်စွဲချက်တွေ က အဓိပ္ပါယ် မဲ့တယ်၊အခြေအမြစ် မရှိတဲ့ စွပ်စွဲမှုတွေ ဆိုပြီး ပြန် တုံ့ပြန် ခဲ့ပါတယ်။(၂၀၁၄)တုန်းက Iceman ထွက်ပြီး နောက်ပိုင်း ထုတ်လုပ်သူတွေ ဆီ က နေ မကျေမနပ် ပြောဆိုတာ မျိုး မရှိပဲ ဘာကြောင့် သူ့ဂုဏ်သိက္ခာ က ထိခိုက်ရမှာလဲ ဆိုပြီး Donnie ဘက်က ဒေါပွ ခဲ့ပါတယ်။တရားရုံးဘက်က တော့ ရုပ်ရှင် ကုမ္ပဏီ ဘက်က နေ တောင်းပန်စာ Post တင် ပေးဖို့ နဲ့ အဲ့ဒီစာကို အွန်လိုင်းပေါ်မှာ တစ်လ တိတိ တင်ထား ဖို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Two covers back to back! So blessed! ❤️🙏 #repost @sweetcil ・・・ Looking dapper on the cover for @prestigehk 【Donnie Yen is The Man of Action】 “As an actor, it’s important to have opportunities,” says Yen. “You get a good role [and you’re the first one to play it]. Of course, luck works to quite a large extent, but whether you can seize the opportunity depends on whether you work hard enough… . Read more: https://www.prestigeonline.com/hk/people-events/donnie-yen-is-the-man-of-action/ . . @donnieyenofficial 📸: @oliviatsanghk 💄: @littlewhite_makeup 💁🏻‍♀️: @kenjinghair @bulletfilmsofficial @rosewoodhongkong @loropianaofficial #donnieyen #prestigehk #甄子丹 #宇宙最強甄子丹 #magazine #cover #hongkong #sexyhubby #dapper #葉問 #IpMan #magazinecover #magazineinterview #2019 #OctoberIssue #interview #fashion #fashionicon #chic

A post shared by Donnie Yen 甄子丹 (@donnieyenofficial) on

ဒါ့အပြင် နစ်နာ ကြေး အဖြစ်နဲ့ Donnie ကို ယွမ်(500,000) ပေးဆောင် ဖို့ အမိန့်ချမှတ် ခဲ့ပါ တယ်။နှ စ်ဖက်လုံးက လည်း နားလည်မှု လွဲတာတွေ  ပြေလည်ပြီး နာက်ပိုင်းမှာတော့ အပြန်အလှန် အကျိုး အတွက်အလုပ် အတူ ဆက်လုပ် သွားနိုင်ဖို့ မျှော်လင့် တယ်လို့ တောင်းပန်စာ မှာတော့ ဖော်ပြ ထားပါတယ်။ တရားရုံးရဲ့ ဆုံးဖြတ်ချက်က Donnie ရဲ့ ဂုဏ် သိက္ခာ ထိခိုက်မှု အတွက် တော့ မထေမိပေမယ့် တရားရုံးရဲ့ ဆုံြး ဖတ်ချက်ကိုတော့ လေးစား ပါတယ်ဆိုပြီး Donnie ရဲ့ အေဂျင်စီက ကြေညာချက် ထုတ်ခဲ့ပါတယ်။

#CELENOW