ပရိသတ်အခိုင်အမာရရှိထားတဲ့ ဗိုလ်အောင်ဒင် သီချင်းအဆိုရှင် မနောဟာ အလှူအတန်းလည်း ရက်ရောတဲ့သူတစ်ဦးဖြစ်ပါတယ်။ ယနေ့ ဒီဇင်ဘာလ ၂၀ရက်နေ့မှာလည်း မနောဟာ သူရဲ့ မိသားစုဝင်တွေနဲ့အတူ ပြုပြင်ခဲ့ဖူးတဲ့ ဆုတောင်းပြည့်ရွှေစေတီမှာ ဘုရားရွှေသင်္ကန်း ကပ်လှူခဲ့ပါတယ်။

ဒီအကြောင်းကိုတော့ မနောက သူ့ရဲ့ ဖေစ်ဘုတ်မှာ “မင်္ဂလာပါ ဒီနေ့ ကျွန်တော်တို့ မိသားစု လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပြုပြင်ခဲ့တဲ့ ဆုတောင်းပြည့်ရွှေစေတီ ဘုရားရွှေသင်္ကန်း ကပ်လှူဖြစ်တယ်ဗျို့ ကုသိုလ်အားလုံးထပ်တူရပါစေဗျားးး” လို့ရေးပြီး တင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ မနောရဲ့ ပို့စ်အောက်မှာ အလှူအတန်းရက်ရောတဲ့ စေတနာရှင်မနောကို ဒီထက်ပိုပြီး လှူနိုင်တန်းနိုင်ဖို့ ဆုတောင်းပေးနေကြပါတယ်။

Source: Mannaw