အမေရိကန်မင်းသား Cameron Boyce တစ်ယောက် ကွယ်လွန်သွားပြီလို့ BBC သတင်းတစ်ပုဒ် မှာ ဖော်ပြ ထားပါ တယ်။ကွယ်လွန်သွားတဲ့ အကြောင်းကိုတော့ Cameron Boyce ရဲ့ မိသားစုက အတည်ပြု ပြောကြား လိုက် တာဖြစ်ြ ပီး အသက် (၂၀)အရွယ်မှာ ကွယ်လွန်သွားခဲ့တာပါ။သေဆုံးတာနဲ့ ပတ်သက်ပြီး ပြောခွင့် ရသူ တစ်ဦး ကတော့ လေသင်တုန်းဖြတ်တာကို ခံစားခဲ့ရပြီးနောက် အိပ်ပျော်နေချိန်မှာပဲ ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။Cameron Boyce  ကတော့ Disney’ ရဲ့  Descendants  နဲ့ TV show Jessie တို့မှာ ပါဝင်ခဲ့ပြီး ပရိသတ်ကြား နာမည်ကြီး တဲ့ မင်းသားပါ။သူ့ရဲ့ ပထမဆုံးပွဲဦးထွက်ဇာတ်ကားကတော့ Mirrors  ပါ။

Image:IG/Cameron Boyce
Image:IG/Cameron Boyce

သေဆုံးသွားပြီဆိုတဲ့ သတင်းကိုတော့ ဇူလိုင် (၆)ရက်နေ့မှာ အတည်ပြုလိုက်တာပါ။မိသားစုရဲ့ ကိုယ်စား ပြောခွင့် ရသူ တစ်ယောက်ကနေ ဒီကနေ့ နံနက်မှာပဲ Cameron ကို ဆုံးရှုံးလိုက်ရပြီဆိုပြီး အသိပေး ခဲ့တာပါ။ရောဂါ ကုသမှု ကို ခံယူနေချိန်မှာပဲ လေသင်တုန်းဖြတ်ပြီး နောက်ဆုံးကွယ်လွန်သွားခဲ့ရတာပါ။Cameron Boyce ကတော့ Mirrors မှာ ပါဝင်ခဲ့စဉ်တုန်းက အသက် (၉)နှစ်ပဲရှိပါသေးတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ Grown Ups ဇာတ်ကားထဲမှာ Adam Sandler ရဲ့ ကလေးတစ်ယောက် နေရာကနေ ပါဝင်ပေးခဲ့ပါတယ်။Disney channel show Jessie ထဲက Luke Ross ဇာတ်ကောင်ကတော့ သူ့ကို နာမည်ကြီးစေခဲ့တာပါ။အနုပညာရှင်တွေနဲ့ သူ့ရဲ့ fan တွေ ကတော့ Cameron Boyce ကွယ်လွန်သွားတဲ့ အတွက် ၀မ်းနည်းပူဆွေးနေကြပါတယ်။

Image:IG/Cameron Boyce
Image:IG/Cameron Boyce

#CELENOW