Deepika Padukone ကတော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီးမင်းသမီးလေးပါ။ သူမဟာ ဟောလိဝုဒ်မှာပါ အနုပညာ အလုပ်တွေကို လုပ်ကိုင်နေသူပါ။ ပရိသတ်တွေရဲ့ အချစ်တော် Deepika Padukone  ကတော့ သူမရဲ့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို ဝေဖန်ခံရတတ်သူပါ။ သူမ၀တ်ဆင်တဲ့ ဖက်ရှင်တိုင်းဟာ ဟောလိဝုဒ်ရဲ့ နာမည်ကြီး ဆယ်လီတွေရဲ့ ဖက်ရှင်နဲ့ တစ်ထပ်တည်း တူနေတဲ့ အတွက် အခုလို ဝေဖန်ခံနေရတာပါ။ သူမကို ဆိုရင် “The copy cat queen” ဆိုပြီးတော့တောင် နာမည်ပေးခံ ခဲ့ရပါတယ်။ တကယ့် နာမည်ကြီး ဒိတ်ဒိတ်ကြဲတွေက သူမအရင် တခြားနာမည်ကြီး ပွဲတွေမှာ ၀တ်ဆင်ခဲ့ဖူးတဲ့ ၀တ်စုံမျိုးတွေနဲ့မှ သွားပြီး တူနေတဲ့ အချက်ကြောင့်လည်း သူများဒီဇိုင်းကို အတု ခိုးဝတ်တယ်ဆိုပြီး ဝေဖန်ပြောဆိုတာမျိုးနဲ့ ကြုံခဲ့ရတာပါ။

#Deepika Padukone & Zoe Saldana

pinterest

(58)ကြိမ်မြောက်ကျင်းပတဲ့ Filmfare Awards ပွဲမှာ Deepika Padukone ၀တ်ခဲ့တဲ့ ၀တ်စုံကို သူမ မတိုင်ခင်က  မင်းသမီး Zoe Saldana က CFDA awards ပွဲကို တက်တုန်းက၀တ်ခဲ့ဖူးပါတယ်။

#Deepika & Kylie Minogue

boldsky.com
Deepika Padukone  တစ်ယောက် ၀တ်ဆင်ခဲ့တဲ့ လိမ္မော်ရောင် ဂါဝန်ရှည်ကလည်း သြစတြေးလျ အဆိုတော် Kylie Minogue ဆု ပေးပွဲတစ်ခုမှာ ၀တ်ခဲ့တဲ့ ဖက်ရှင်နဲ့ သွားတူနေခဲ့ပါတယ်။
#Deepika & Lady Victoria Harvey
boldsky.com
Deepika Padukone ၀တ်ဆင်လာတဲ့ ရွှေရောင်ဂါဝန်ကလည်း အရင်က Lady Victoria Harvey ၀တ်ဆင် ခဲ့ဖူးတဲ့ အနက် ရောင်ဂါဝန်နဲ့ တူနေခဲ့ပါတယ်။ အရောင်ကလွဲပြီး ပုံစံ တစ်ခုလုံးတူနေခဲ့ပါတယ်။
#Deepika & Julie Marie Berman
boldsky.com
Deepika  ၀တ်ဆင်ခဲ့ဖူးတဲ့ အနီရောင် ပွဲတက်ဂါဝန်က အမေရိကန်မင်းသမီး  Julie Marie Berman   အကြိမ် (၄၀)မြောက်ကျင်းပတဲ့ Emmy Awards ပွဲတုန်းက ၀တ်ခဲ့တဲ့ ၀တ်စုံနဲ့ တူနေခဲ့ပါတယ်။
#Deepika & Jennifer Lopez
.boldsky.com
Jennifer Lopez တစ်ယောက် 2012 Academy Awards ပွဲကို တက်ခဲ့တဲ့ ပွဲတက်ဖက်ရှင် ၀တ်စုံနဲ့ ပုံစံတူ ၀တ်စုံကို နောက်ထပ် လအနည်းငယ်အကြာမှာတော့ Deepika  က Zee Cine Awards ပွဲမှာ ၀တ်ဆင်ပြီး တက်ရောက် ခဲ့ပါတယ်။
#Deepika & Ashley Benson
.boldsky.com

Ashley Benson  Vogue beauty awards 2012 ပွဲတက်တုန်းက ၀တ်ခဲ့တဲ့ပုံစံတူ ၀တ်စုံမျိုး ကိုလဲ Deepika   က ၀တ်ဆင်ခဲ့ပါတယ်။

#Deepika & Kate Hudson

boldsky.com

Kate Hudson (2001)ခုနှစ်တုန်းက Golden Globe Award ပွဲတက်ဝတ်စုံနဲ့  (၂၀၁၄)ခုနှစ် The Screen Awards ပွဲမှာ Deepika Padukone ၀တ်ဆင်ပြီး တက်ရောက်လာတဲ့ ၀တ်စုံနှစ်စုံကလဲသွားတူနေခဲ့ပါတယ်။

#Deepika & Kylie Minogue

boldsky.com

Deepika Padukone ၀တ်ဆင်ခဲ့တဲ့ စိမ်းပြာရောင်ဝတ်စုံကလဲ သြစတြေးလျ အဆိုတော် Kylie Minogue နဲ့ ထပ်ပြီး တူနေခဲ့ပြန်ပါတယ်။Kylie က သူမရဲ့ အရင်ဝတ်ခဲ့တာဖြစ်ပြီး  Deepika ကတော့ ဒီဝတ်စုံကို 19th annual Screen Award ပွဲ မှာဝတ်ခဲ့တာပါ။ဒါနဲ့ပါဆိုရင်သူတို့နှစ်ယောက် ၀တ်စုံတူတာ ဒုတိယအကြိမ်ပါ။

#Deepika & Malese Jow
boldsky
အမေရိကန်မင်းသမီး Malese Jow တစ်ယောက် Twilight Breaking Dawn Saga  အထူးပွဲတုန်းက ၀တ်ဆင်ခဲ့တဲ့ ၀တ်စုံနဲ့ သွားတူနေခဲ့ပြန်ပါတယ်။
#Deepika Padukone & Kylie Jenner
jagran
Deepika Padukone တစ်ယောက် Salman Khan ကတင်ဆက်သူအဖြစ် ပါဝင်တဲ့ ‘Bigg Boss 10’ မှာ ဧည့် သည် အဖြစ် ပါဝင်ခဲ့တုန်းက ၀တ်ခဲ့တဲ့ ၀တ်စုံကလည်း သူမရဲ့ အရင် လွန်ခဲ့တဲ့ တစ်နှစေ်လာက်က Kylie Jenner တစ်ယောက် Balmain-H&M fashion show မှာ ၀တ်ခဲ့တဲ့ ၀တ်စုံနဲ့ တူနေခဲ့ပါတယ်။
Source boldsky