Kpop အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ DAWN က သူ့ရဲ့ ချစ်သူ HyunA ကို ဘယ်လောက်တောင် ချစ်တဲ့အကြောင်းကို ပြောပြလိုက်တာပဲ ဖြစ်ပါတယ်။ September 17 ရက်နေ့က Korean-American rapper DAWN နဲ့အတူ Jessi က အင်တာဗျူး မေးထားတာကို Youtube မှာ တင်ထားခဲ့တာပါ။ ဒီသတင်းကို sbs က ‌ဖော်ပြထားတာ ဖြစ်ပါတယ်။

 

အင်တာဗျူးမှာ Jessi က “DAWN က HyunA ကို တကယ့်ကို ဂရုစိုက်တဲ့သူတစ်ယောက်ပါ သူမ နေမကောင်းတဲ့ အချိန်တိုင်း သူအနားမှာ နေပြီး သူမအတွက် ဘာမဆို လုပ်ပေးတတ်တယ်” ဆိုပြီး ပြောလာခဲ့ပါတယ်။

 

DAWN က ရှက်ပြုံးလေးပြုံးပြီး “ HyunA က ကျွန်တော့်အတွက် တကယ့်ကို တန်ဖိုးထားရတဲ့ သူတစ်ယောက်ပါ သူပြုံးနေတဲ့အချိန်မှာ ကျွန်တော်လည်း ပြုံးနေမှာပါ” ဆိုပြီး သူ့ရဲ့ HyunA အပေါ်ထားတဲ့ အချစ်တွေကို ဖော်ပြခဲ့ပါတယ်။

 

ဒီစကားကိုကြားတဲ့ Jessi က အားရပါးရ ရယ်မောရင်း “ အမလေး ဒီလိုလူမျိုး ကမ္ဘာမှာ နောက်တစ်ယောက် မရှိနိုင်ဘူး ရှင်သိရဲ့လား” ဆိုပြီး ပြောကြားခဲ့ပါတယ်။

အဲဒီ့နောက်မှာတော့ DAWN က ဘယ်တော့မှ HyunA အပေါ် အချစ်တွေ ရပ်တန့်မသွားဘူးဆိုတဲ့အကြောင်းကိုလည်း ပြောခဲ့ပါသေးတယ်။ Jessi က “ HyunA ဟာ ရှင့်အတွက် နောက်ဆုံးအချစ်လား” လို့မေးတဲ့အခါမှာတော့ DAWN က တွေဝေတုံ့ဆိုင်းမှုမရှိပဲ “ ဟုတ်ပါတယ် ဒါက အသေအချာပါပဲ” ဆိုပြီး ဖြေကြားပေးခဲ့တာပါ။ 2018 မှာ HyunA နဲ့ DAWN တို့က သူတို့ရဲ့ relationship အကြောင်းကို public ချပြခဲ့ကြပါတယ်။ အခုဆိုရင် သူတို့ရဲ့ ချစ်သူသက်တမ်းက နှစ်နှစ်ရှိခဲ့ပါပြီ။

Khin