ဒေါင်းကတော့ အခုဆိုရင် သူ့ရဲ့  ကြိုးစားအားထုတ်မှုတွေကြောင့် အနုပညာအလုပ်တွေကို မနားတမ်း လုပ်ကိုင်  ။နောက်တက်မင်းသားတွေထဲမှာ ရုပ်ရှင်ဇာတ်ကားတွေ မနားတမ်း ရိုက်ကူးနေရပြီး သူ့ရဲ့ အနုပညာစန်း အရမ်းကို တက်နေပါတယ် ။ ဒေါင်းကတော့ အခုဆိုရင် ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုဖြစ်တဲ့ “ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ ကြိုမယ်’ ဇာတ်ကားအတွက် ရေကုန်ရေခန်းကြိုးစားနေပါတယ်။

Image:fb/ဒေါင်း
Image:fb/၀တ်မှုံရွှေရည်

ဇာတ်ကားထဲက ဇာတ်ကောင်ပီပြင်အောင် ဖြုံဘူးရွာကို သွားပြီး ရွာ သူ၊ရွာသားတွေရဲ့ နေထိုင်ပုံ၊ နေထိုင်နည်းတွေကို အနီးကပ်သွားရောက်လေ့လာခဲ့ပါတယ်။ သူပါဝင်တဲ့ ဇာတ်ကောင်ပီပြင်အောင် ကြိုးစားပြင်ဆင် အားထုတ်ပုံ တွေ ကတော့ တကယ့်ကို လေးစားလောက်စရာပါ။ ဒီဇာတ်ကားမှာတော့ ဒေါင်းက ကိုကျီးညို ဆိုတဲ့ ဇာတ်ကောင် နေရာ မှာ ပါဝင် မှာဖြစ်ပြီး ပရိသတ်အချစ်တော် မင်းသမီးလေး ၀တ်မှုံရွှေရည်ကေ တော့ ခင်နှောင်းနေရာကနေ သရုပ်ဆောင် မှာပါ။ ဒေါင်းကတော့ ဇူလိုင် (၂၂)ရက်နေ့က သူ့ရဲ့ အကောင့်မှာ ပုံအသစ်လေးတွေ တင်လိုက်ပါတယ်။

Image:fb/ဒေါင်း

(အသက်၈၅နှစ် ချစ်စရာကောင်းသောအမေကြီး)

Image:fb/ဒေါင်း

(ကားဖိနပ်က စီရခက်တယ် မြက်ရိတ်တာလဲ ပညာပဲ)

“သို့/

အရမ်းလွမ်းရပါသော သဘာဝလူသားများ
လွမ်းစရာ တွေက များတယ်
သဘာဝတရားကို အလင်္ကာလိုရွတ်နိုင်ကြတယ်
ကြယ်တွေကို ဖတ်နိုင်ကြတယ်
အရပ်လေးမျက်နှာက သတိမထားပဲ မနေတဲ့သူတွေ
ဘာသာတရားရိုသေးမှုရှိကြတယ်
အကုန်ပြောလို့
မကုန်နိုင်ဘူး
ချစ်ခြင်းများစွာဖြင့်

ဒေါင်း………………..” ဆိုပြီး တင်ထားတာပါ။

Image:fb/ဒေါင်း

(ကျီးညို အကြောင်းပြောခဲ့ကြတယ်)

Image:fb/ဒေါင်း

(တောင်ယာသမားဆိုတာ)

Image:fb/ဒေါင်း

(ဒါဦးကြည်ပေါ့ဝထ္ထုဖတ်ထားရင်သိမှာပါ(အလယ်က) ဦးကြည်ညာဘက်က ဦးဝင်းဋ္ဌေး (ကိုကြီးဝင်းဋ္ဌေး) ကျွန်တော့်ဆရာနှစ်ဦးထဲက တစ်ဦး)

Image:fb/ဒေါင်း

(မနက်အစောကြီး လယ်တောထဲမှာ ဝိုင်းဖွဲ့စားသောက်(ကျွန်တော့်ဘေးက ရှပ်အဖြူနဲ့က ကိုကြီးစိန်ရင်(ဦးစိန်ရင်)ဆရာနှစ်ထဲက ဒုတိယ ဆရာ)

Image:fb/ဒေါင်း

(မလွယ်သော အနုပညာတစ်ခု)

Source ဒေါင်း