ပရိသတ်တွေချစ်ကြတဲ့  ဟာသအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင်ကတော့ သူအရမ်းပျော်နေတဲ့ အကြောင်းကို ဖေ့စ်ဘုတ်ပေါ်မှာ ထုတ်ပြောလာခဲ့ပြီ ဖြစ်ပါတယ်။ သူပျော်နေရတဲ့ အကြောင်းကတော့ မကြီးစိုးပေးတဲ့ လက်ဆောင်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒိန်းဒေါင်ကတော့ ဒီဇင်ဘာလ မှာ အသက် (၄၄)နှစ် ပြည့်သွားခဲ့တာဖြစ်ပြီး မကြီးစိုးဆီကနေ Alexandre Christie နာရီကို မွေးနေ့လက်ဆောင်အဖြစ် ရရှိခဲ့တာဖြစ်ပါတယ်။ ဒိန်းဒေါင်ကတော့ သူအရမ်းပျော်နေတဲ့ အကြောင်းကို ဖေ့စ်ဘုတ်ပေါ်မှာ ဓါတ်ပုံနှင့်တကွ တင်ထားတာဖြစ်ပါတယ်။

ဒိန်းဒေါင်ရဲ့ ပိုစ်အောက်မှာတော့ ပရိသတ်တွေက ပြန်ရောင်းမလားလို့ လာနောက်နေကြပေမဲ့ ဒိန်းဒေါင်ကတော့ မကြီးစိုးပေးတဲ့ လက်ဆောင်ကို တစ်သက်လုံး သိမ်းထားမှာပါတဲ့။

Source:dain daung