ပြည်သူတွေ ချစ်ရတဲ့ ဟာသသရုပ်ေ်ဆာင် တစ်ယောက်ဖြစ်တဲ့ ဒိန်းဒေါင်ကတော့ မိဘကျေးဇူးသိတတ်တဲ့ သားကောင်းတစ်ယောက်ဖြစ်ပြီး အမြဲအလှူအတန်းတွေ ပြုလုပ်လေ့ရှိတဲ့ စေတနာသဒ္ဓါတရား ထက်သန်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ဇန်နဝါရီလ (၁၆)ရက်နေ့မှာလည်း မြောက်ဒဂုံမြို့နယ် (၄၈)ရပ်ကွက်၊ ကျောင်းဂွေ့မှတ်တိုင် ကြိုးတံတားအနီးမှာ မိဘကျေးဇူးဆပ်ဘုရားကြီးရဲ့ အရံစေတီ (၂၈)ဆူကိုလည်း ဆောက်လုပ်ပြီးစီးသွားပြီလို့ သိရပါတယ်။ ဌာပနာပိတ်ပွဲကိုလည်း အောင်မြင်စွာကျင်းပခဲ့တယ်လို့ ဒိန်းဒေါင်က သူ့ရဲ့ ဖေ့စ်ဘုတ်မှာ တင်ထားတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ ပြည်သူချစ်တဲ့ ဟာသလူရွှင်တော် ဒိန်းဒေါင်တစ်ယောက် ဘုရားဒါယိကာအဖြစ် အောင်မြင်စွာ ခံယူလိုက်နိုင်ပြီဖြစ်ပြီး၊ ပြည်သူအများကလည်း သူရဲ့ မွန်မြတ်တဲ့ အလှူအတွက် ဝမ်းမြောက်နုမော် သာဓုခေါ်ဆိုနေကြပါတယ်။ ဘုရားဒါယိကာ ဒိန်းဒေါင်က ထီးတော်တင်ပွဲကို အမြန်ဆုံးကျင်းပချင်ပါတယ်လို့လည်း  ပြောထားပါသေးတယ်။

Source: Dain Daung