Hyun Bin တစ်ယောက် အရင်ကတည်းကလည်း K-drama လောကမှာ နာမည်တစ်လုံးရနေတဲ့ မင်းသားဖြစ်နေပေမယ့်လို့ သူ့ကို ကမ္ဘာကျော်သွားစေခဲ့တဲ့ ရုပ်ရှင်ကားကိုပြောပါဆိုရင် Crash Landing On You လို့ပဲဆိုရမှာပါပဲ။ Netflix မှာလည်း ပြသလိုက်တဲ့အပြင်ကိုမှ ဇာတ်လမ်းထဲမှာလည်း အရမ်းရိုတဲ့ ဗိုလ်ကြီးအဖြစ် သရုပ်ဆောင်ထားပြန်တော့ မိန်းကလေးတွေကြား ပိုပြီး နာမည်ကြီးပေါ့။

Crash Landing On You ရိုက်ကွင်းတုန်းက Hyun Bin တစ်ယောက် နေ့တိုင်းဖြစ်ခဲ့ရတဲ့ ခံစားချက်လေးတစ်ခုကို ပြောလာခဲ့ပါတယ်။ အဲဒါကတော့ အနာဂတ်ကို မြန်မြန်ရောက်ချင်တာပါတဲ့လေ။

ဇာတ်လမ်းကိုလည်း ကြိုသိနေပြီးတော့ စောင့်ကြည့်မှုတွေကလည်း ခံနေရပြီ၊ သူ့အနေနဲ့ အရမ်းလည်း ရိုရတော့မယ်ဆိုတာ သိနေတဲ့အတွက် ပရိသတ်ရဲ့ တုန့်ပြန်မှုကို တော်တော်လေးကို သိချင်နေတာပါ။ အဲဒါကြောင့် နေ့တိုင်း ရိုက်ကွင်းကိုရောက်တိုင်း ရှေ့ရေးကိုကြိုတွေးပြီး ရင်ချည်းခုန်နေရပါတော့တယ်တဲ့လေ။

ဒီအပြင် Crash Landing On You ဟာ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား စပ်ကြားကိုပါ ရိုက်ပြထားတာဖြစ်တဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ရင် အရမ်းထိလွယ်ရှလွယ်နေတော့ ဝေဖန်ကြမလားဆိုတာကိုလည်း Hyun Bin တစ်ယောက် တွေးပြီး ပူခဲ့ရပြန်ပါသေးတယ်တဲ့။ ဒါပေမဲ့လည်း Crash Landing On You ဟာ K-drama ပရိတ်သတ်တွေကြားထဲမှာတော့ တော်တော်လေးကို ရေပန်းစားပြီး အောင်မြင်သွားခဲ့တဲ့ drama တစ်ကားလို့ ဆိုရမှာပါပဲ။
penny