ဟာသသရုပ်ဆောင် အနုပညာရှင် အောင်ရဲထွေးဟာ ဇန်န၀ါရီလ (၂)ရက်နေ့မှာ လူတစ်စုရဲ့ ၀ိုင်းရိုက်ခံရမှုကြာင့် သေဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီသေဆုံးမှုအတွက် အနုပညာလောကသားတွေရော၊ အောင်ရဲထွေးရဲ့ ပရိသတ်တွေပါ ယူကြုံးမရဖြစ်နေကြပါတယ်။ သေဆုံးမှုပြီးနောက်မှာတော့ ကောလာဟလများစွာ ထွက်ပေါ်လျက်ရှိပါတယ်။

အဲဒီလို များပြားတဲ့ ကောလာဟလတွေကို ရှင်းလင်းဖို့အတွက် အောင်ရဲထွေးရဲ့ အစ်ကို သန့်ဇင်ဦးက ယနေ့ညနေ ၅နာရီ Orchid ဟော်တယ်မှာ ဖြစ်ကြောင်းကုန်စင်ကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ 7 Days News ကိုဆက်သွယ်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Source: ခင်ဆွေသက်(7 Days New)