CNBLUE အဖွဲ့ဝင် Jungshinကတော့ သူစစ်မှုမထမ်းခင် ပြီးခဲ့တဲ့ နှစ်က သူရဲ့ အနုပညာအေဂျင်စီ အဖွဲ့သားတွေနဲ့အတူ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး ပရဟိတအလုပ်တွေလာရောက်ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။
Jungshinကတော့ မြန်မာနိုင်ငံမှာ ပရဟိတ လုပ်နေစဉ်မှာ ဓါတ်ပုံ မှတ်တမ်းတွေလည်း တင်သွားခဲ့ပြီး သူကိုယ်တိုင်လည်း ဓါတ်ပုံတွေရိုက်ကူးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သူရိုက်ကူးသွားခဲ့တဲ့ ဓါတ်ပုံတစ်ပုံကတော့ တစ်ကမ္ဘာလုံးကလူတွေရဲ့ စိတ်ဝင်စားမှုတွေကို ရရှိနေတာဖြစ်ပါတယ်။



အဲဒီဓါတ်ပုံကတော့ ၂၀၁၉ ခုနှစ်အတွက် ကျင်းပတဲ့ လွတ်လပ်သောသတင်းစာ ‘INSP Awards’ ရဲ့ အကောင်းဆုံးဓါတ်ပုံဆု ဇကာတင် ဓါတ်ပုံ၅ပုံထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။ ‘INSP Awards’ ကတော့ လူမှုဝန်းကျင်အတွက် တရားမျှတမှုကို ဖေါ်ပြတဲ့ လက်ကမ်းသတင်းစာတွေနဲ့ ပုဂ္ဂလိက သတင်းစာတွေရဲ့ ထူးချွန်တဲ့လုပ်ရပ်တွေကို မီးမောင်းထိုးပြပေးတဲ့ ပွဲဖြစ်ပါတယ်။

Jungshin ကတော့ သူ့ရဲ့ ဓါတ်ပုံလေးကို လက်ကမ်းသတင်းစာဖြစ်တဲ့ ‘The Big Issue’ ကို အခကြေးငွေမယူပဲ ပေးခဲ့တာဖြစ်ပါတယ်။

Source: Kstarlive