CL ကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပိုမိုဖြန့်ကျက် နေပါတယ်။ သူမရဲ့ နာမည်ရင်းကတော့ Lee Chae-rin,  အသက်ကတော့ (၂၇)နှစ်ပါ။ နာမည်ကြီး တောင်ကိုရီးယား အဆိုတော်၊တေးရေး၊ရက်ပ်ပါ မလေးပါ။ 2NE1 ရဲ့ အဖွဲ့ဝင်ဟောင်းပါ။ အခုဆိုရင်တော့ ဂီတမှာတင်မဟုတ်ပဲ သရုပ်ဆောင်အလုပ်တွေကိုပါ CL က လုပ်နေပါပြီ။ ဟောလိဝုဒ် အက်ရှင် ဇာတ်ကား ‘Mile 22.’ မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာ သူမက ဘယ်လို ဇာတ်ကောင် Character မျိုးနဲ့ ပါဝင် ထားတာလဲ ဆိုတာကို တော့ အတိအကျ မသိရ သေးပါဘူး။ဒါပေမယ့် ထွက်ရှိလာတဲ့ဇာတ်ကား Trailer အရ ဆိုရင်တော့ သူမဟာ လျှို့ဝှက်ထောက်လှမ်းရေး သမား  နေရာ  ပါဝင်ထားတယ်လို့ ယူဆရပါတယ်။

‘Mile 22’  ကိုတော့ ဒါရိုက်တာ  Peter Berg က ရိုက်ကူးထားပြီး ဇာတ်ညွှန်းကတော့  Lea Carpenter နဲ့ Graham Roland ပါ။ဒီကားမှာဆိုရင်  Mark Wahlberg, John Malkovich, Lauren Cohan, Iko Uwais နဲ့  Ronda Rousey တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ အမေရိကန်ထောက်လှမ်းရေး အရာရှိတစ်ယောက်က ရဲအရာရှိတစ်ယောက်ကို လျှို့ဝှက်ထိပ်တန်း သတင်းအချက်အလက်တွေနဲ့ အတူ ပြည်ပကို ထွက်နိုင်အောင် ကူညီပေး တဲ့ အကြောင်းလေးပါ။ CIA အရာရှိနဲ့ အင်ဒိုရဲအရာရှိတို့က ဗြောင်းဆန်နေတဲ့ နိုင်ငံရေးအခြေအနေကို ရပ်တန့်နိုင်ဖို့   ရွေးချယ်စရာ မရှိပဲ အတူ လက်တတွဲ အလုပ်လုပ်တဲ့ အကြောင်းလေးပါ။ ဒီကားကတော့ (၂၀၁၈)ခုနှစ် သြဂုတ်(၃)ရက်နေ့  မှာ ထွက်ရှိမယ်လို့ သိရပါတယ်။

Source kstarlive