2NE1 အဖွဲ့ဝင်ဟောင်း CLကတော့ ဟော်လိဝုဒ်ရုပ်ရှင်လောကမှာ ခြေဆန့်ဖို့အတွက်ပြင်ဆင်လျက်ရှိပါတယ်။ဇန်န၀ါရီလ ၅ရက်နေ့မှာတော့ CLက သူရဲ့ အင်စတာဂရမ်မှာ ရုပ်ရှင်ရိုက်ကွင်း တစ်ခုက ဓါတ်ပုံတွေကို တင်လိုက်ပြီး  သတင်းကောင်းကို ကြေငြာလိုက်တာဖြစ်ပါတယ်။ ဓါတ်ပုံထဲမှတော့ Myke Holmes, Peter Berg, John Malkovich နဲ့အတူ Jenique Hendrixတို့ကိုလည်းတွေ့ရမှာပါ။

CLဟာသူတို့တွေနဲ့ အတူ Mile22 ရုပ်ရှင်ကားကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Peter Bergကရိုက်ကူးနေတာဖြစ်ပြီးCIA အရာရှိနဲ့ အင်ဒိုနီးရှား ရဲအရာရှိတို့ နိုင်ငံရေးအကျင့်ပျက်ချစားမှုတွေကို အတူတူဖြေရှင်ကြတဲ့ အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။

Source:Kstarlive