ခြူးလေးကတော့ MRTV 4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်တွေကြားမှာ လူသိများလာတဲ့ မင်းသမီး တစ်ယောက်ပါ။ ခြူးလေးပါဝင်ထားတဲ့ ဇာတ်လမ်းတွဲတွေကတော့ အများကြီးပါ။ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်ရဲ့ အားပေးနှစ်ခြိုက်မှုကိုပါ ရထားသူပါ။ခြူးလေးကတော့ မင်းသမီးသက် မွန်မြင့် ၊မြင့်မြတ် တို့နဲ့ အတူတွဲပြီး “ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ” ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ပါသေးတယ်။

Image – Chue Lay’s fb
Image – Chue Lay’s fb
Image – Chue Lay’s fb

ခြူးလေးရဲ့ ဇာတ်လမ်းတွဲ အသစ်ကို မျှော်နေကြတဲ့ ပရိသတ်တွေ အတွက် တော့ သတင်းကောင်းရှိပါတယ်။ခြူး လေး ကတော့ ဇာတ်လမ်းတွဲ အသစ်ရိုက်တော့မှာပါ။စာရေးဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ ၀တ္ထု ဖြစ်တဲ့ “ နွေလည် ညရဲ့ လမင်း ”  ကို ဇာတ်လမ်းတွဲ အဖြစ်နဲ့ ပြန်ရိုက်မှာပါ။ဒီဇာတ်ကားမှာတော့ ခြူးလေးက စိုးစန္ဒာ ဆိုတဲ့ ဇာတ်ကောင် နေရာကနေ ပါဝင်သရုပ်ဆောင်သွားမှာပါ။ဇာတ်လမ်းတွဲ သစ်ရိုက်ဖို့ ကန်တော့ပွဲ လုပ်တဲ့ ပုံလေးတွေကိုတော့ သူမရဲ့ အကောင့်မှာ အခုလို ဝေမျှ ထားပါတယ်။

Image – Chue Lay’s fb
Image – Chue Lay’s fb
Image – Chue Lay’s fb

“ဆရာကြီး လယ်တွင်းသားစောချစ်ရဲ့ ဝတ္ထု ကို

“ နွေလည် ညရဲ့ လမင်း ” ဇာတ်လမ်းတွဲ အဖြစ်

ရိုက်ကူးတော့မယ့် ကန်တော့ပွဲ လေးပါ ……
“ စိုးစန္ဒာ “ အဖြစ် အကောင်းဆုံး ကြိုးစားသွားပါ့မယ် ….” ဆိုပြီး တင်ထားပါတယ်။

Image – Chue Lay’s fb
Image – Chue Lay’s fb

ချစ်ရပါသောနွေ ဆိုတဲ့ ဇာတ်လမ်းတွဲ အသစ်လေးကိုတော့ (19.6.2019) ရက်နေ့ ၊ည (၇) နာရီကျရင် အပတ်စဉ် တနလာင်္ နေ့မှ သောကြာနေ့ အထိ ပုံမှန်ထုတ်လွှင့်ပြသတော့မှာပါ။ လက်ရှိပြသနေတဲ့ မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန ဇာတ်ကားအပြီးမှာ ပြသမှာပါ။ဒီဇာတ်ကားမှာတော့ ခြူးလေးနဲ့ နက္ခတ်တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။

Image – Chue Lay’s fb
Image – Chue Lay’s fb

Source ခြူးလေးရဲ့ fb