Tik Tok ကတော့ သရုပ်ဆောင်တွေ ကြားမှာ ရော အပြင်မှာပါ အရမ်းကို နာမည်ကြီးနေတဲ့ App လေးပါ။အနုပညာ ရှင်တွေကြားမှာလည်း Tik Tok ဆော့တဲ့ သူတွေ တော်တော်များပါတယ်။အဲ့ဒီအထဲကမှ Tik Tok မှာဆိုရင် ဆရာမကြီး လို့ ပြောလို့ရတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ခြူးလေးကတော့ သူမရဲ့ အကောင့်မှာ Tik Tok ဗီဒီယို ဖိုင် အသစ်တင်ထားပါတယ်။


ခြူးလေးတစ်ယောက်တည်း အစွမ်းပြထားတာတော့ မဟုတ်ပါဘူး။အဲ့ဒီအထဲမှာ ခြူးလေးနဲ့ နေရဲ တို့ ပါဝင် ထား ပါတယ်။Tik Tok မှာဆိုရင် နာမည်ကြီးတဲ့ နောက်ခံအသံလေးနဲ့ သရုပ်ဆောင်ထားတာပါ။ရူတင်နားချိန်လေး မှာ နှစ်ယောက်သားအစွမ်းပြထားတာပါ။
Shooting break time 😂
Posted by Nay Ye on Monday, June 24, 2019
ခြူးလေးကတော့ လက်တလော MRTV 4 မှာ ပြသနေတဲ့ “ချစ်ရပါသောနွေ” ဇာတ်လမ်းတွဲ မှာ ချစ်နွေ ဆိုတဲ့ ဇာတ်ေ ကာင် နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။



နေရဲ့တော့ သူ့ရဲ့ အကောင့်မှာ သခင်ကြီး နဲ့ ငါးပိတို့စရာ ဆိုတဲ့ ရုပ်ရှင်ကားကြီး အမြန်ဆုံးရုံတင်ခွင့်ရအောင် အကူအညီ တောင်းထားတဲ့ Post ကို ရှယ်ထားပါတယ်။

“အရမ်းကိုပြစေချင်နေပါပြီဗျာ……ကျွန်တော်ကိုကကံမကောင်းတာလား…ကားတိုင်းကိုနှစ်တွေအများကြီးစောင့်ရမယ်ဆိုရင်တော့ ….ကျွန်တော်လဲအိုပြီးသေဖို့ဘဲရှိတော့တယ်….ကံကောင်းချင်လိုက်တာဗျာ……ဝါသနာပါလွန်းလို့သာတောင့်ခံနေတာ…….” ဆိုပြီး တင်ထားပါတယ်။

Source နေရဲ နဲ့ ခြူးလေးရဲ့ fb