Chris Hemsworth ကတော့ ဟောလိဝုဒ်အနုပညာလောကကို ကျောခိုင်းတော့မယ်လို့ အတိ အလင်း ကြေညာ လိုက်ပါတယ်။သူ့ရဲ့မိသားစုကို အချိန်ပိုပေးနိုင်ဖို့ အတွက် အခုလို ဆုံးဖြတ် ရတာ လို့ ဆိုပါတယ်။အသက် (၃၅)နှစ်ရှိ နေပြီဖြစ်တဲ့ သြစတြေးလျ မင်းသား Chris Hemsworth ကတော့ ပရိသတ်တွေကြားမှာ Thor ဆိုပြီး နာမည်ကြီး တဲ့ မင်းသားပါ။



Chris Hemsworth ကတော့ (၂၀၁၉)ရဲ့ နာမည်ကြီး ရုပ်ရှင်ကားတွေဖြစ်တဲ့ Avengers: Endgame နဲ့ Men In Black: International တို့ ဆိုတဲ့ ဇာတ်ကားတွေ မှာ ပါဝင်ထားသူပါ။ဒါပေမယ့် လုံးဝ ကျောခိုင်းတာ မဟုတ်ပဲ တစ်နှစ်နား- နောက်တစ်နှစ်ပြန်ရိုက် ဆိုတဲ့ စနစ်ကို ကျင့်သုံးသွားမှာပါ။ သေချာတာကတော့ (၂၀၁၉)ခုနှစ် နှစ်ကုန်အထိ ရုပ်ရှင်ရိုက်ကူးရေး လုပ်ငန်းတွေကို လုံးဝရပ်နားထားမှာ ဖြစ်ပါတယ်။
အသက် (၄၃)နှစ်အရွယ် ဇနီးချော Elsa Pataky ၊ကလေးတွေ ဖြစ်တဲ့ India Rose, 7၊ အသက် (၅)နှစ်အရွယ် Sasha နဲ့ Tristan တို့ကို သူ့ရဲ့ အချိန် တွေ ပိုပေးနိုင်ဖို့ အတွက် ဒီလို ဆုံးဖြတ်ရတာပါ။ Sydney Daily Telegraph နဲ့ အင်တာဗျူးမှာ အခုလို ပြော ခဲ့ပါတယ်။” ဒီနှစ်တော့ ကျတော်ဘာမှ ရိုက်ဖြစ်မှာ မဟုတ်လောက်ဘူး။အိမ်မှာပဲ ကလေးတွေနဲ့ အတူတူ ရှိနေ ချင်တယ်။အရေးကြီးတဲ့ အသက်အရွယ်ကို ရောက်နေကြပြီလေ။သူတို့ လေးတွေက အခုထိ ငယ်သေးတယ်။ကျတော် အိမ် ကနေ ထွက်သွားတဲ့ အချိန်တွေက သူတို့လေးတွေက အရင်ထက်ပိုပြီး သတိထားမိလာကြပြီ..” လို့ ပြော ခဲ့ပါတယ်။





Ref ; nzherald/mirror