Liam ရဲ့ အစ်ကို Thor မင်းသား Chris Hermsworth ကတော့ ဇန်နဝါရီလ (၁၆)ရက်နေ့က နယူးယော့ခ်မှာရှိတဲ့ Sirius XM  ရေဒီယို အင်တာဗျူးဖြေဖို့အတွက် ရောက်ရှိလာခဲ့ပါတယ်။ ဒီအင်တာဗျူးမှာတော့ Chris ကို သူရဲ့ ညီဖြစ်သူ Liam လက်ထပ်ပြီဆိုတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီးလည်း မေးခဲ့ပါတယ်။

အဆိုတော်၊ မင်းသမီးတစ်ယောက်ဖြစ်တဲ့ Miley ဟာ Liamနဲ့ လက်ထပ်ပြီး Hermsworth မိသားစုဝင် ဖြစ်နေပြီလားလို့ မေးတဲ့ အခါမှာတော့ Chris က “မဖြစ်သေးပါဘူး … သူတို့အခုထိ တရားဝင် လက်မထပ်ရသေးပါဘူး”လို့ ရယ်ရယ်မောမောနဲ့  ပြန်ဖြေခဲ့ပါတယ်။

Liam နဲ့ Miley တို့ နှစ်ဦးဟာ Byron Bay ဆိုတဲ့ ကမ်းခြေမှာ အတူတူ အပန်းဖြေနေကြတဲ့ ဓါတ်ပုံတွေ အင်တာနက်ပေါ် ပျံနှံ့ပြီးနောက်မှာ သူတို့တစ်တွေ လက်ထပ်လိုက်ကြပြီဆိုတဲ့သတင်းလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် Chris ကတော့ ဒီသတင်းကို ပျက်ပျက်သားသား ငြင်းပယ်ခဲ့ပါတယ်။

Source: Daily Mail