MCU ရုပ်ရှင်ဇာတ်ကားတွေထဲ Captain America နေရာကနေ ပါဝင်သရုပ်ဆောင်လေ့ရှိသူ ခရစ္စအီဗန်(Chris Evans)ဟာ သူ့ရင်ဘတ်မှာလည်း တက်တူးတွေရှိတဲ့အကြောင်း အင်္ဂါနေ့တုန်းက ပရိသတ်တွေကို လျှပ်တပြက်ပြသခဲ့တာ ဖြစ်ပါတယ်။ ၄င်းဗီဒီယိုကိုတော့ အီဗန်ဟာ အင်စတာစတိုရီပေါ်တင်ခဲ့တာပါ။

ဗီဒီယိုထဲမှာတော့ အပေါ်ပိုင်းအင်္ကျီဗလာကျင်းပြီး ရေကူးကန်ထဲဂျွမ်းထိုးဆင်းဖို့ပြင်နေတဲ့အချိန် သူ့ရဲ့ ရင်ဘတ်နဲ့ ဝမ်းဗိုက်နေရာက တက်တူးတွေကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ People သတင်းစာမျက်နှာအရ အီဗန်ဟာ “ရေကူးကန်ဆောင်းမခိုခင် ရေကူးရအောင်.” ဆိုပြီး ကတ်ပ်ရှင်တပ်ကာ ရှဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြီးတော့လည်း “အေးခဲနေတာပဲ..”ဆိုပြီး သူကပြောထားပါတယ်။

ရေတွေဘယ်လောက်တောင်အေးနေလဲဆိုတာ ပိုသေချာစေတာကတော့ အီဗန်ဟာ ကန်ထဲကျွမ်းထိုးပြီးတဲ့အခါမှာလည်း အေးလွန်းလို့အော်နေလိုက်ပါသေးတယ်။ ပြီးတော့လည်း အီဗန်က သူ့အသားအရေနဲ့ပတ်သက်လို့ မကျေနပ်တဲ့ပုံနဲ့ အသားညိုတယ်ဆိုတာ ဘယ်လိုမျိုးလဲ သိချင်မိတယ်လို့ ကတ်ပ်ရှင်ရေးခဲ့ပါသေးတယ်။ ဗီဒီယိုထဲမှာတော့ ဝါးနေလို့ တက်တူးပုံစံတွေကို ကွဲကွဲပြားပြားမမြင်ခဲ့ရပါဘူး။ အီဗန်ဟာ ၂၀၁၈ခုနှစ်တုန်းကလည်း MCU ခရီးစဉ်ရဲ့အမှတ်တရအဖြစ် ရောဘတ်ဒေါင်နီဂျူနီယာ၊ စကားလက်ဂျိုဟန်နစ်ဆန်၊ ခရစ္စဟမ်းစဝေါ့သ်နဲ့ ဂျန်ရမီရန်ဟာတို့နဲ့အတူ တက်တူးဆင်တူထိုးခဲ့ပါသေးတယ်။

လင်းလင်း