ပြီးခဲ့တဲ့ရက်တုန်းက Hollywood လောကမှ ပွက်လောရိုက်သွားခဲ့တဲ့ သတင်းတစ်ခုရှိပါတယ်။ အဲဒါကတော့ Captain America ကြီးတစ်ယောက် သူ့ရဲ့ မတော်တရော်ဓာတ်ပုံတစ်ပုံ Instagram မှာ တက်သွားခဲ့ပါတယ်။ အဲဒါကလည်း သူကိုယ်တိုင် Instagram က story မှာ screenshot တစ်ခုကို တင်လိုက်ရင်းနဲ့ မတော်တဆပါသွားခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစချင်းတုန်းကတော့ မင်းသား Chris Evans ဟာ ဘာမှပြောခဲ့ခြင်းမရှိပေမယ့်လို့ အခုအချိန်မှာတော့ ပရိတ်သက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါပြီလို့ People မဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။

 

 

View this post on Instagram

 

💙💙💙 #nationaldogday

A post shared by Chris Evans (@chrisevans) on

စက်တင်ဘာလ ၁၅ ရက်နေ့ မနက် ၈ နာရီခွဲလောက်မှာပဲ Chris Evans ဟာ သူ့ရဲ့ Twitter မှာ post တစ်ခုတင်ခဲ့ပါတယ်။ “Now that I have your attention” တဲ့။ အနောက်မှာလည်း စိတ်ပျက်နေတဲ့ emoji လေးရယ်၊ ဒေါသထွက်နေတဲ့ emoji လေးကလည်း ပါနေပါသေးတယ်။ သူ့ကို အာရုံရပြီလားပေါ့လေ။ နောက်တစ်ဆက်တည်းမှာပဲ Chris Evans ဟာ “VOTE Nov 3rd” ဆိုပြီးလည်း ရေးထားပါသေးတယ်။

လာမယ့် နိုဝင်ဘာလထဲ ၃ ရက်နေ့မှာပဲ သူတို့နိုင်ငံရဲ့ ရွေးကောက်ပွဲကို ကျင်းပမှာဖြစ်ပါတယ်။ Captain America ဆိုတဲ့အတိုင်း အမေရိကအတွက် မဲပေးဖို့ကလည်း သတိပေးလိုက်သေးတယ်။ တကယ်လည်း ချစ်ဖို့ကောင်းတဲ့ Chris Evans ပါပဲ။

Marvel

Chris Evans ဟာ အရင်တုန်းကလည်း သူ့ရဲ့ ဝစ်လစ်စလစ်ပုံတွေ တက်လာခဲ့တုန်းကလည်း သူဟာ စိတ်ဓာတ်တွေပြိုလဲပြီး စိတ်ရောဂါပါရသွားတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။ ဒါကြောင့် အခုတစ်ခေါက်ကိုလည်း Chris Evans ရဲ့ IG story ကို screenshot ရိုက်ပြီး ပြန်ဖြန့်နေကြတဲ့လူတွေကို သူ့ရဲ့ fan တွေက ပုံတွေကိုဖျက်ပေးဖို့နဲ့ ထပ်မဖြန့်ဖို့ ဝိုင်းတောင်းဆိုနေကြပါတယ်။

 

 

View this post on Instagram

 

He knows his angles

A post shared by Chris Evans (@chrisevans) on

penny