Choo Sarang  ကတော့ The Return of Superman အစီအစဉ်နဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရခဲ့သူပါ။ သူမရဲ့ ဖေဖေ Choo Sung Hoon ကတော့ လက်ဝှေ့သမားတစ်ယောက်ဖြစ်ပြီး မေမေ Yano Shiho ကတော့ ဂျပန် မော်ဒယ်ပါ။ အခုဆိုရင်တော့ Sarang လေးက အရွယ်ရောက်လာခဲ့ပါပြီ။

kstarlive
kstarlive

Choo Sarang  ကတော့ မိခင်ဖြစ်သူရဲ့ ခြေရာကို အမီလိုက်နေပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဖက်ရှင် မော်ဒယ် တစ်ယောက်လုပ်နေပါတယ်။ Choo Sung Hoon နဲ့  Yano Shiho တို့ရဲ့ သမီးလေး Choo Sarang က ဇူလိုင်လ (၄)ရက်နေ့တုန်းက ပဲရစ်မှာရှိတဲ့ ကလေးအ၀တ်အထည်အတွက် Fashion Show မှာ မော်ဒယ် အဖြစ်ပါ  ၀င်လျှောက်လှမ်းပေးခဲ့ပါတယ်။

soompi

Choo Sarang ကို ဒီပွဲအတွက် ဖိတ်ကြားလို့ တက်ရောက်ခဲ့ပုံရပါတယ်။ ဒီပွဲမှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တခြား ဆယ်လီ ကလေးငယ်တွေ အများကြီးလည်း တက်ရောက်ခဲ့ပါတယ်။ Sarang လေးရဲ့ မေမေ Yano Shiho က ဂျပန် မော်ဒယ် တစ်ယောက်ပါ။ ဆာရန်းလေးကတော့ မေမေရဲ့ ခြေရာကို အမီလိုက်နေပါတယ်။လျှောက်လှမ်းပေါ်မှာ ကြောက် ရွံ့ နေပုံ လုံးဝမရှိပဲ ယုံကြည်မှုအပြည့်နဲ့ ရှိနေခဲ့ပါတယ်။

Source soompi